12 သင်၏အသက်အရွယ်နုပျိုခြင်းကို မည်သူမျှမထီမဲ့မြင်မပြုစေနှင့်။ အပြောအဆို၌လည်းကောင်း၊ အသက်ရှင်နေထိုင်မှု၌လည်းကောင်း၊ ချစ်ခြင်းမေတ္တာ၌လည်းကောင်း၊ ယုံကြည်ခြင်း၌လည်းကောင်း၊ ဖြူစင်သန့်ရှင်းခြင်း၌လည်းကောင်း ယုံကြည်သောသူတို့အတွက် စံနမူနာဖြစ်လော့။
13 ငါလာသည့်တိုင်အောင် ကျမ်းစာဖတ်ကြားခြင်း၊ တိုက်တွန်းအားပေးခြင်းနှင့် သွန်သင်ခြင်းတို့ကို ဂရုစိုက်လုပ်ဆောင်လော့။
14 အသင်းတော်အကြီးအကဲများ၏လက်တင်ခြင်းနှင့်တကွ ပရောဖက်ပြုဟောပြောခြင်းအားဖြင့် သင့်အပေါ်ပေးအပ်ထား၍ သင်၌ရှိသည့်ဆုကျေးဇူးကို လျစ်လျူမရှုနှင့်။
15 သင်၏တိုးတက်မှုသည် လူအပေါင်းတို့ရှေ့၌ထင်ရှားရန် ထိုအမှုအရာများကို ကြိုးစားအားထုတ်၍ ၎င်းတို့၌ မိမိကိုယ်ကိုနှစ်မြှုပ်ထားလော့။
16 သင့်ကိုယ်သင်သော်လည်းကောင်း၊ သင်၏သွန်သင်ချက်ကိုသော်လည်းကောင်း ဂရုစိုက်၍ ထိုသွန်သင်ချက်တို့၌ အမြဲတည်နေလော့။ အကြောင်းမူကား သင်သည် ထိုသို့ပြုခြင်းဖြင့် သင့်ကိုယ်သင်နှင့် သင့်ကိုနားထောင်သောသူတို့ကို ကယ်တင်လိမ့်မည်။