6 ဤအကြောင်းအရာများကို ညီအစ်ကိုတို့အားညွှန်ပြလျှင် သင်သည် ယုံကြည်ခြင်းနှင့်ဆိုင်သောတရားစကားနှင့် သင်လိုက်လျှောက်သည့် ကောင်းသောသွန်သင်ချက်၏တရားစကားတို့ဖြင့် ပြုစုပျိုးထောင်ခြင်းကိုခံရလျက် ခရစ်တော်ယေရှု၏ကောင်းသောအစေခံဖြစ်လိမ့်မည်။
7 သို့သော် ဘုရားတရားနှင့်မဆိုင်သည့် အနှစ်သာရကင်းမဲ့သော ဒဏ္ဍာရီများကိုရှောင်ရှား၍ ဘုရားဝတ်၌မွေ့လျော်ခြင်းအတွက် သင့်ကိုယ်သင်လေ့ကျင့်ပေးလော့။
8 အကြောင်းမူကား ကိုယ်ခန္ဓာနှင့်ဆိုင်သောလေ့ကျင့်မှုသည် အနည်းအကျဉ်းအကျိုးရှိသော်လည်း ဘုရားဝတ်၌မွေ့လျော်ခြင်းမူကား ယခုဘဝ၊ နောင်ဘဝနှင့်ဆိုင်သော ကတိတော်ပါရှိသည်ဖြစ်၍ အလုံးစုံတို့အတွက် အကျိုးရှိ၏။
9 ဤစကားသည် သစ္စာစကားဖြစ်ပြီး အပြည့်အဝလက်ခံထိုက်သောစကားဖြစ်၏။
10 ထို့ကြောင့် ငါတို့သည် ထိုအကျိုးအတွက် အားထုတ်လုပ်ဆောင်၍ ကြိုးစားကြ၏။ အကြောင်းမူကား လူအပေါင်းတို့၏ကယ်တင်ရှင် အထူးသဖြင့် ယုံကြည်သူတို့၏ကယ်တင်ရှင်ဖြစ်သော အသက်ရှင်တော်မူသည့်ဘုရားသခင်ကို ငါတို့မျှော်လင့်အားထားကြ၏။
11 ဤအရာတို့ကို ညွှန်ကြားလျက် သွန်သင်လော့။
12 သင်၏အသက်အရွယ်နုပျိုခြင်းကို မည်သူမျှမထီမဲ့မြင်မပြုစေနှင့်။ အပြောအဆို၌လည်းကောင်း၊ အသက်ရှင်နေထိုင်မှု၌လည်းကောင်း၊ ချစ်ခြင်းမေတ္တာ၌လည်းကောင်း၊ ယုံကြည်ခြင်း၌လည်းကောင်း၊ ဖြူစင်သန့်ရှင်းခြင်း၌လည်းကောင်း ယုံကြည်သောသူတို့အတွက် စံနမူနာဖြစ်လော့။