တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4:7-13 MSB

7 သို့​သော် ဘု​ရား​တ​ရား​နှင့်​မ​ဆိုင်​သည့် အ​နှစ်​သာ​ရ​ကင်း​မဲ့​သော ဒဏ္ဍာ​ရီ​များ​ကို​ရှောင်​ရှား​၍ ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​အ​တွက် သင့်​ကိုယ်​သင်​လေ့​ကျင့်​ပေး​လော့။

8 အ​ကြောင်း​မူ​ကား ကိုယ်​ခန္ဓာ​နှင့်​ဆိုင်​သော​လေ့​ကျင့်​မှု​သည် အ​နည်း​အ​ကျဉ်း​အ​ကျိုး​ရှိ​သော်​လည်း ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​မူ​ကား ယ​ခု​ဘ​ဝ၊ နောင်​ဘ​ဝ​နှင့်​ဆိုင်​သော က​တိ​တော်​ပါ​ရှိ​သည်​ဖြစ်​၍ အ​လုံး​စုံ​တို့​အ​တွက် အ​ကျိုး​ရှိ​၏။

9 ဤ​စ​ကား​သည် သစ္စာ​စ​ကား​ဖြစ်​ပြီး အ​ပြည့်​အ​ဝ​လက်​ခံ​ထိုက်​သော​စ​ကား​ဖြစ်​၏။

10 ထို့​ကြောင့် ငါ​တို့​သည် ထို​အ​ကျိုး​အ​တွက် အား​ထုတ်​လုပ်​ဆောင်​၍ ကြိုး​စား​ကြ​၏။ အ​ကြောင်း​မူ​ကား လူ​အ​ပေါင်း​တို့​၏​ကယ်​တင်​ရှင် အ​ထူး​သ​ဖြင့် ယုံ​ကြည်​သူ​တို့​၏​ကယ်​တင်​ရှင်​ဖြစ်​သော အ​သက်​ရှင်​တော်​မူ​သည့်​ဘု​ရား​သ​ခင်​ကို ငါ​တို့​မျှော်​လင့်​အား​ထား​ကြ​၏။

11 ဤ​အ​ရာ​တို့​ကို ညွှန်​ကြား​လျက် သွန်​သင်​လော့။

12 သင်​၏​အ​သက်​အ​ရွယ်​နု​ပျို​ခြင်း​ကို မည်​သူ​မျှ​မ​ထီ​မဲ့​မြင်​မ​ပြု​စေ​နှင့်။ အ​ပြော​အ​ဆို​၌​လည်း​ကောင်း၊ အ​သက်​ရှင်​နေ​ထိုင်​မှု​၌​လည်း​ကောင်း၊ ချစ်​ခြင်း​မေတ္တာ​၌​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​၌​လည်း​ကောင်း၊ ဖြူ​စင်​သန့်​ရှင်း​ခြင်း​၌​လည်း​ကောင်း ယုံ​ကြည်​သော​သူ​တို့​အ​တွက် စံ​န​မူ​နာ​ဖြစ်​လော့။

13 ငါ​လာ​သည့်​တိုင်​အောင် ကျမ်း​စာ​ဖတ်​ကြား​ခြင်း၊ တိုက်​တွန်း​အား​ပေး​ခြင်း​နှင့် သွန်​သင်​ခြင်း​တို့​ကို ဂ​ရု​စိုက်​လုပ်​ဆောင်​လော့။