1 အသက်ကြီးသောယောက်ျားတို့ကို ပြစ်တင်မောင်းမဲခြင်းမပြုဘဲ ဖခင်ကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သောယောက်ျားတို့ကို ညီအစ်ကိုကဲ့သို့လည်းကောင်း၊
2 အသက်ကြီးသောအမျိုးသမီးတို့ကို မိခင်ကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သောအမျိုးသမီးတို့ကို ဖြူစင်သန့်ရှင်းသောစိတ်အပြည့်အဝဖြင့် နှမကဲ့သို့လည်းကောင်း မှတ်၍ တိုက်တွန်းနှိုးဆော်လော့။
3 မုဆိုးမတို့တွင် အမှန်တကယ်မုဆိုးမဖြစ်သူတို့ကို ရိုသေကြလော့။
4 တစ်စုံတစ်ယောက်သောမုဆိုးမတွင် သားသမီး သို့မဟုတ် မြေးများရှိလျှင် ထိုသားမြေးတို့သည် ဘာသာရေးဝတ္တရားတည်းဟူသော မိမိတို့အိမ်သူအိမ်သားကိုပြုစုခြင်းနှင့် မိဘဘိုးဘွားတို့အား ကျေးဇူးပြန်ဆပ်ခြင်းတို့ကို ဦးစွာသင်ယူကြစေ။ အကြောင်းမူကား ဤသို့ပြုခြင်းသည် ဘုရားသခင်ရှေ့တော်၌ နှစ်သက်လက်ခံဖွယ်ဖြစ်၏။
5 အမှန်တကယ်မုဆိုးမဖြစ်ပြီး တစ်ဦးတည်းကျန်ရစ်သောအမျိုးသမီးသည် ဘုရားသခင်ကိုမျှော်လင့်အားထားလျက် နေ့ရောညပါ အသနားခံခြင်းနှင့်ဆုတောင်းခြင်းတို့ကို စွဲမြဲစွာပြုတတ်၏။
6 အပျော်အပါးလိုက်စားသောမုဆိုးမမူကား အသက်ရှင်လျက်ပင် သေဆုံးလေပြီ။