တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5:1-7 MSB

1 အ​သက်​ကြီး​သော​ယောက်ျား​တို့​ကို ပြစ်​တင်​မောင်း​မဲ​ခြင်း​မ​ပြု​ဘဲ ဖ​ခင်​ကဲ့​သို့​လည်း​ကောင်း၊ ငယ်​ရွယ်​သော​ယောက်ျား​တို့​ကို ညီ​အစ်​ကို​ကဲ့​သို့​လည်း​ကောင်း၊

2 အ​သက်​ကြီး​သော​အ​မျိုး​သ​မီး​တို့​ကို မိ​ခင်​ကဲ့​သို့​လည်း​ကောင်း၊ ငယ်​ရွယ်​သော​အ​မျိုး​သ​မီး​တို့​ကို ဖြူ​စင်​သန့်​ရှင်း​သော​စိတ်​အ​ပြည့်​အ​ဝ​ဖြင့် နှ​မ​ကဲ့​သို့​လည်း​ကောင်း မှတ်​၍ တိုက်​တွန်း​နှိုး​ဆော်​လော့။

3 မု​ဆိုး​မ​တို့​တွင် အ​မှန်​တ​ကယ်​မု​ဆိုး​မ​ဖြစ်​သူ​တို့​ကို ရို​သေ​ကြ​လော့။

4 တစ်​စုံ​တစ်​ယောက်​သော​မု​ဆိုး​မ​တွင် သား​သ​မီး သို့​မ​ဟုတ် မြေး​များ​ရှိ​လျှင် ထို​သား​မြေး​တို့​သည် ဘာ​သာ​ရေး​ဝတ္တ​ရား​တည်း​ဟူ​သော မိ​မိ​တို့​အိမ်​သူ​အိမ်​သား​ကို​ပြု​စု​ခြင်း​နှင့် မိ​ဘ​ဘိုး​ဘွား​တို့​အား ကျေး​ဇူး​ပြန်​ဆပ်​ခြင်း​တို့​ကို ဦး​စွာ​သင်​ယူ​ကြ​စေ။ အ​ကြောင်း​မူ​ကား ဤ​သို့​ပြု​ခြင်း​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ နှစ်​သက်​လက်​ခံ​ဖွယ်​ဖြစ်​၏။

5 အ​မှန်​တ​ကယ်​မု​ဆိုး​မ​ဖြစ်​ပြီး တစ်​ဦး​တည်း​ကျန်​ရစ်​သော​အ​မျိုး​သ​မီး​သည် ဘု​ရား​သ​ခင်​ကို​မျှော်​လင့်​အား​ထား​လျက် နေ့​ရော​ည​ပါ အ​သ​နား​ခံ​ခြင်း​နှင့်​ဆု​တောင်း​ခြင်း​တို့​ကို စွဲ​မြဲ​စွာ​ပြု​တတ်​၏။

6 အ​ပျော်​အ​ပါး​လိုက်​စား​သော​မု​ဆိုး​မ​မူ​ကား အ​သက်​ရှင်​လျက်​ပင် သေ​ဆုံး​လေ​ပြီ။

7 ထို့​ကြောင့် မည်​သူ​၌​မျှ အ​ပြစ်​တင်​စ​ရာ​မ​ရှိ​စေ​ရန် လူ​တို့​အား ဤ​အ​ရာ​များ​ကို​ညွှန်​ကြား​လော့။