တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5:14-20 MSB

14 ထို့​ကြောင့် ငယ်​ရွယ်​သော​မု​ဆိုး​မ​တို့​သည် အိမ်​ထောင်​ပြု​လျက် သား​သ​မီး​များ​မွေး​ဖွား​ကာ အိမ်​မှု​ကိစ္စ​ကို​စီ​မံ​ကွပ်​ကဲ​၍ ရန်​သူ​အား ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​အ​ခွင့်​ကို​မ​ပေး​ရန် ငါ​အ​လို​ရှိ​၏။

15 အ​ကြောင်း​မူ​ကား အ​ချို့​သော​မု​ဆိုး​မ​တို့​သည် လမ်း​လွဲ​၍ စာ​တန်​နောက်​သို့​လိုက်​သွား​ကြ​ပြီ။

16 ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​တစ်​စုံ​တစ်​ဦး​၌ ဆွေ​မျိုး​တော်​စပ်​သည့်​မု​ဆိုး​မ​များ​ရှိ​လျှင် အ​သင်း​တော်​အ​တွက် ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​စေ​ဘဲ ထို​မု​ဆိုး​မ​တို့​ကို သူ​ကိုယ်​တိုင်​ကူ​ညီ​စောင့်​ရှောက်​ပါ​စေ။ သို့​ပြု​လျှင် အ​သင်း​တော်​သည် အ​မှန်​တ​ကယ်​အ​ကူ​အ​ညီ​လို​အပ်​သည့်​မု​ဆိုး​မ​များ​ကို ကူ​ညီ​စောင့်​ရှောက်​နိုင်​လိမ့်​မည်။

17 ကောင်း​စွာ​စီ​မံ​အုပ်​ချုပ်​နေ​သော​အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ အ​ထူး​သ​ဖြင့် နှုတ်​က​ပတ်​တော်​ဝေ​ငှ​ခြင်း​နှင့် သွန်​သင်​ခြင်း​တို့​အ​တွက် အား​ထုတ်​လုပ်​ဆောင်​နေ​သော​အ​ကြီး​အ​ကဲ​များ​သည် နှစ်​ဆ​သော​ဂုဏ်​ပြု​ခြင်း​ကို ခံ​ထိုက်​သည်​ဟု မှတ်​ယူ​လော့။

18 အ​ကြောင်း​မူ​ကား ကျမ်း​စာ​က “စ​ပါး​နယ်​နေ​သည့်​နွား​ကို ပါး​ချုပ်​မ​တပ်​ရ”​ဟူ​၍​လည်း​ကောင်း၊ “အ​လုပ်​လုပ်​သော​သူ​သည် လုပ်​အား​ခ​ကို ရ​ထိုက်​၏”​ဟူ​၍​လည်း​ကောင်း ဆို​ထား​၏။

19 သက်​သေ​နှစ်​ဦး သို့​မ​ဟုတ် သုံး​ဦး​မ​ရှိ​လျှင် အ​သင်း​တော်​အ​ကြီး​အ​ကဲ​အ​ပေါ်​စွပ်​စွဲ​ချက်​ကို လက်​မ​ခံ​နှင့်။

20 ကျန်​သော​သူ​တို့​သည်​လည်း ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​စေ​ရန် အ​ပြစ်​ပြု​သော​သူ​တို့​ကို အား​လုံး​ရှေ့​၌ ဆို​ဆုံး​မ​လော့။