တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5:7-13 MSB

7 ထို့​ကြောင့် မည်​သူ​၌​မျှ အ​ပြစ်​တင်​စ​ရာ​မ​ရှိ​စေ​ရန် လူ​တို့​အား ဤ​အ​ရာ​များ​ကို​ညွှန်​ကြား​လော့။

8 မည်​သူ​မ​ဆို မိ​မိ​ဆွေ​မျိုး​သား​ချင်း၊ အ​ထူး​သ​ဖြင့် မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို ဂ​ရု​မ​စိုက်​ဘဲ​နေ​လျှင် ထို​သူ​သည် ယုံ​ကြည်​ခြင်း​ကို​ငြင်း​ပယ်​ပြီ​ဖြစ်​၍ မ​ယုံ​ကြည်​သူ​ထက် ဆိုး​ရွား​၏။

9 မု​ဆိုး​မ​အ​ဖြစ်​စာ​ရင်း​သွင်း​ရ​မည့်​သူ​သည် အ​သက်​ခြောက်​ဆယ်​ထက်​မ​နည်း​ရ။ သူ​သည် ယောက်ျား​တစ်​ဦး​တည်း​ရှိ​ခဲ့​သည့် အ​မျိုး​သ​မီး​ဖြစ်​ပြီး

10 သား​သ​မီး​များ​ကို​ပြု​စု​စောင့်​ရှောက်​ခြင်း၊ ဧည့်​ဝတ်​ကျေ​ပွန်​ခြင်း၊ သန့်​ရှင်း​သူ​တို့​၏​ခြေ​ကို​ဆေး​ခြင်း၊ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သူ​များ​ကို​ကူ​ညီ​စောင့်​ရှောက်​ခြင်း၊ ကောင်း​သော​အ​မှု​ရှိ​သ​မျှ​တို့​ကို​ပါ​ဝင်​လုပ်​ဆောင်​ခြင်း စ​သည့်​ကောင်း​သော​အ​မှု​များ​ကြောင့် ချီး​ကျူး​ခံ​ရ​သူ​ဖြစ်​ရ​မည်။

11 ငယ်​ရွယ်​သော​မု​ဆိုး​မ​တို့​ကို​မူ စာ​ရင်း​မ​သွင်း​နှင့်။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ခ​ရစ်​တော်​ကို ဥ​ပေက္ခာ​ပြု​လျက် ကာ​မ​ဂုဏ်​လိုက်​စား​လို​သော​အ​ခါ အိမ်​ထောင်​ပြု​လို​သော​ဆန္ဒ​ရှိ​လာ​သ​ဖြင့်

12 ပ​ထ​မ​ပြု​ထား​သော​က​တိ​သစ္စာ​ကို ချိုး​ဖောက်​သော​ကြောင့် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

13 ထို့​ပြင် သူ​တို့​သည် တစ်​အိမ်​ပြီး​တစ်​အိမ်​လှည့်​လည်​၍ ပျင်း​ရိ​သော​အ​ကျင့်​ရှိ​လာ​တတ်​ကြ​၏။ ထို​သို့​ပျင်း​ရိ​သည်​သာ​မ​က အ​တင်း​အ​ဖျင်း​ပြော​ဆို​လျက် သူ​တစ်​ပါး​ကိစ္စ​၌ ဝင်​ရောက်​စွက်​ဖက်​ကာ မ​ပြော​သင့်​သည့်​အ​ရာ​တို့​ကို ပြော​ဆို​တတ်​ကြ​၏။