တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 6:1-5 MSB

1 ဘု​ရား​သ​ခင်​၏​နာ​မ​တော်​နှင့်​သွန်​သင်​ချက်​တို့​သည် စော်​ကား​ပြော​ဆို​ခြင်း​မ​ခံ​ရ​စေ​ရန် ကျွန်​ထမ်း​ပိုး​အောက်​၌​ရှိ​သ​မျှ​သော​သူ​တို့​သည် မိ​မိ​တို့​သ​ခင်​များ​ကို အ​ပြည့်​အ​ဝ​ရို​သေ​ထိုက်​သူ​များ​ဟု မှတ်​ယူ​ကြ​ပါ​စေ။

2 မိ​မိ​တို့​သ​ခင်​သည် ယုံ​ကြည်​သူ​ဖြစ်​လျှင် သ​ခင်​သည် ညီ​အစ်​ကို​ဖြစ်​သည်​ဟု​ဆို​လျက် မ​ထီ​မဲ့​မြင်​မ​ပြု​ဘဲ သာ​၍​ကောင်း​စွာ​အ​စေ​ခံ​ကြ​စေ။ အ​ဘယ်​ကြောင့်​ဆို​သော် ကောင်း​သော​အ​စေ​ခံ​ခြင်း​၏​အ​ကျိုး​ကို ခံ​စား​ရ​သော​သ​ခင်​သည် ယုံ​ကြည်​သူ​ဖြစ်​ပြီး မိ​မိ​ချစ်​ရ​သော​သူ​လည်း​ဖြစ်​၏။ သင်​သည် ဤ​အ​ရာ​များ​ကို​သွန်​သင်​၍ တိုက်​တွန်း​နှိုး​ဆော်​လော့။

3 တစ်​စုံ​တစ်​ယောက်​သည် ခြား​နား​သော​ဩ​ဝါ​ဒ​ကို​သွန်​သင်​လျက် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​မှန်​ကန်​ပြည့်​စုံ​သော​တ​ရား​စ​ကား​နှင့် ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​နှင့်​ညီ​သော​ဩ​ဝါ​ဒ​တို့​ကို မ​လိုက်​နာ​လျှင်

4 ထို​သူ​သည် ဘ​ဝင်​မြင့်​၍ မည်​သည့်​အ​ရာ​ကို​မျှ​မ​သိ​ဘဲ အ​ငြင်း​ပွား​မှု​နှင့် စ​ကား​လုံး​အ​သုံး​အ​နှုန်း​အ​ပေါ်​ငြင်း​ခုံ​ခြင်း​တို့​၌​သာ စွဲ​လမ်း​နေ​သူ​ဖြစ်​၏။ ထို​အ​ရာ​များ​ကြောင့် မ​လို​မုန်း​ထား​ခြင်း၊ ပ​ဋိ​ပက္ခ​ဖြစ်​ခြင်း၊ စော်​ကား​ပြော​ဆို​ခြင်း​နှင့် ဆိုး​ညစ်​သော​သံ​သ​ယ​စိတ်​ရှိ​ခြင်း​စ​သည်​တို့​ဖြစ်​ပေါ်​လာ​တတ်​၏။

5 ထို​သို့ အ​သိ​စိတ်​ပျက်​ပြား​လျက် သမ္မာ​တ​ရား​ဆုံး​ရှုံး​ကာ ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​သည် အ​ကျိုး​စီး​ပွား​ဖြစ်​သည်​ဟု ထင်​မှတ်​သော​လူ​တို့​ကြား​၌ မ​ဆုံး​နိုင်​သော​အ​ငြင်း​ပွား​မှု​ရှိ​တတ်​၏။