16 ကိုယ်တော်တစ်ပါးတည်းသာလျှင် သေခြင်းနှင့်ကင်းသောအဖြစ်၌ရှိလျက် ချဉ်းကပ်၍မရသောအလင်း၌ ကိန်းဝပ်တော်မူ၏။ လူတို့တွင် မည်သူတစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကိုမမြင်ဖူးသကဲ့သို့ မြင်လည်းမမြင်နိုင်ပေ။ ထိုဘုရားသခင်၌ ဂုဏ်သရေနှင့်ထာဝရတန်ခိုးအရှိန်အဝါရှိတော်မူပါစေသော။ အာမင်။
17 ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊
18 ကောင်းသောအမှုကိုပြုလျက် ကောင်းသောအကျင့်များဖြင့်ကြွယ်ဝကာ ရက်ရောစွာဝေမျှပေးကမ်းတတ်သောသူများဖြစ်ကြ၍
19 စစ်မှန်သောအသက်ကိုရယူပိုင်ဆိုင်နိုင်ဖို့ရန် နောင်ဘဝအတွက် ကောင်းသောအုတ်မြစ်ကို မိမိတို့အတွက်ချထားကြရန်လည်းကောင်း ညွှန်ကြားလော့။
20 အို တိမောသေ၊ သင်၌အပ်ထားသည့်အရာကို စောင့်ရှောက်လော့။ ဘုရားတရားနှင့်မဆိုင်သည့် အကျိုးမဲ့သောစကားများနှင့် အသိပညာဟု လွဲမှားစွာခေါ်ဝေါ်ကြသည့် ကွဲလွဲဆန့်ကျင်သောအရာများကို ရှောင်ရှားလော့။
21 လူအချို့တို့သည် ထိုအရာတို့နောက်သို့လိုက်၍ ယုံကြည်ခြင်းလမ်းမှလွဲချော်သွားကြပြီ။ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။