ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:1-6 MSB

1 အ​စ​အ​ဦး​က​ပင်​ရှိ​သော​အ​ရာ၊ ငါ​တို့​ကြား​ရ​သော​အ​ရာ၊ ကိုယ့်​မျက်​စိ​ဖြင့် မြင်​ရ​သော​အ​ရာ၊ ငါ​တို့​ကြည့်​ရှု​လျက် ကိုယ့်​လက်​ဖြင့် တို့​ထိ​စမ်း​သပ်​ရ​သော​အ​ရာ​တည်း​ဟူ​သော အ​သက်​နှင့်​ဆိုင်​သည့် နှုတ်​က​ပတ်​တော်​အ​ကြောင်း​ဟူ​မူ​ကား

2 ထို​အ​သက်​သည် ထင်​ရှား​၍ ငါ​တို့​သည် ၎င်း​ကို​မြင်​ရ​သ​ဖြင့် ခ​မည်း​တော်​နှင့်​အ​တူ​ရှိ​ပြီး ငါ​တို့​၌​ထင်​ရှား​သော ထို​ထာ​ဝ​ရ​အ​သက်​အ​ကြောင်း​ကို သင်​တို့​အား ငါ​တို့​သက်​သေ​ခံ​လျက်​ပြော​ကြား​ကြ​၏။

3 ငါ​တို့​မြင်​ရ​ကြား​ရ​သော​အ​ရာ​ကို သင်​တို့​အား​ပြော​ကြား​ရ​ခြင်း​မှာ သင်​တို့​သည်​လည်း ငါ​တို့​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​စေ​ရန်​ဖြစ်​၏။ ငါ​တို့​၏​မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​သည် ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​သား​တော်​ယေ​ရှု​ခ​ရစ်​တော်​နှင့်​လည်း​ကောင်း မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ဖြစ်​၏။

4 ငါ​တို့​၏​ဝမ်း​မြောက်​ခြင်း​ပြည့်​ဝ​စုံ​လင်​စေ​ရန် ဤ​အ​ရာ​များ​ကို ငါ​တို့​ရေး​လိုက်​၏။

5 “ဘု​ရား​သ​ခင်​သည် အ​လင်း​ဖြစ်​တော်​မူ​၍ ဘု​ရား​သ​ခင်​၌ မှောင်​မိုက်​ခြင်း​လုံး​ဝ​မ​ရှိ”​ဟူ​သော ဤ​သ​တင်း​စ​ကား​သည် ကိုယ်​တော်​ထံ​မှ ငါ​တို့​ကြား​ရ​၍ သင်​တို့​အား ပြော​ကြား​သော​သ​တင်း​စ​ကား​ဖြစ်​၏။

6 ငါ​တို့​သည် ကိုယ်​တော်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​၏​ဟု ဆို​လျက်​နှင့် အ​မှောင်​ထဲ​၌​အ​သက်​ရှင်​လျှောက်​လှမ်း​နေ​ကြ​လျှင် ငါ​တို့​သည် လိမ်​လည်​ပြော​ဆို​သည်​ဖြစ်​၍ သမ္မာ​တ​ရား​ကို​ကျင့်​သုံး​နေ​ကြ​သည်​မ​ဟုတ်။