ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:5-10 MSB

5 “ဘု​ရား​သ​ခင်​သည် အ​လင်း​ဖြစ်​တော်​မူ​၍ ဘု​ရား​သ​ခင်​၌ မှောင်​မိုက်​ခြင်း​လုံး​ဝ​မ​ရှိ”​ဟူ​သော ဤ​သ​တင်း​စ​ကား​သည် ကိုယ်​တော်​ထံ​မှ ငါ​တို့​ကြား​ရ​၍ သင်​တို့​အား ပြော​ကြား​သော​သ​တင်း​စ​ကား​ဖြစ်​၏။

6 ငါ​တို့​သည် ကိုယ်​တော်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​၏​ဟု ဆို​လျက်​နှင့် အ​မှောင်​ထဲ​၌​အ​သက်​ရှင်​လျှောက်​လှမ်း​နေ​ကြ​လျှင် ငါ​တို့​သည် လိမ်​လည်​ပြော​ဆို​သည်​ဖြစ်​၍ သမ္မာ​တ​ရား​ကို​ကျင့်​သုံး​နေ​ကြ​သည်​မ​ဟုတ်။

7 သို့​သော် ကိုယ်​တော်​သည် အ​လင်း​၌​ရှိ​တော်​မူ​သ​ကဲ့​သို့ ငါ​တို့​သည်​လည်း အ​လင်း​၌​အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​လျှင် ငါ​တို့​အ​ချင်း​ချင်း​၌ မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​၍ ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု​၏​သွေး​တော်​သည် ငါ​တို့​ကို အ​ပြစ်​ရှိ​သ​မျှ​တို့​မှ စင်​ကြယ်​စေ​တော်​မူ​၏။

8 ငါ​တို့​၌​အ​ပြစ်​မ​ရှိ​ဟု ငါ​တို့​ဆို​လျှင် ငါ​တို့​သည် ကိုယ့်​ကိုယ်​ကိုယ်​လှည့်​ဖြား​နေ​သည်​ဖြစ်​၍ သမ္မာ​တ​ရား​သည် ငါ​တို့​၌​မ​ရှိ။

9 ကိုယ်​တော်​သည် သစ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​၍ ဖြောင့်​မတ်​သော​အ​ရှင်​ဖြစ်​တော်​မူ​သော​ကြောင့် ငါ​တို့​သည် ကိုယ့်​အ​ပြစ်​များ​ကို ဖော်​ပြ​ဝန်​ခံ​လျှင် ကိုယ်​တော်​သည် ငါ​တို့​၏​အ​ပြစ်​များ​ကို​ခွင့်​လွှတ်​ကာ ငါ​တို့​ကို မ​တ​ရား​မှု​ရှိ​သ​မျှ​တို့​မှ စင်​ကြယ်​စေ​တော်​မူ​၏။

10 အ​ပြစ်​မ​ပြု​ဖူး​ပါ​ဟု ငါ​တို့​ဆို​လျှင် ငါ​တို့​သည် ကိုယ်​တော်​ကို လိမ်​လည်​သော​သူ​ဟု​ဆို​ရာ​ရောက်​၍ ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည် ငါ​တို့​၌​မ​ရှိ။