7 သို့သော် ကိုယ်တော်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။
8 ငါတို့၌အပြစ်မရှိဟု ငါတို့ဆိုလျှင် ငါတို့သည် ကိုယ့်ကိုယ်ကိုယ်လှည့်ဖြားနေသည်ဖြစ်၍ သမ္မာတရားသည် ငါတို့၌မရှိ။
9 ကိုယ်တော်သည် သစ္စာနှင့်ပြည့်စုံတော်မူ၍ ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ငါတို့သည် ကိုယ့်အပြစ်များကို ဖော်ပြဝန်ခံလျှင် ကိုယ်တော်သည် ငါတို့၏အပြစ်များကိုခွင့်လွှတ်ကာ ငါတို့ကို မတရားမှုရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။
10 အပြစ်မပြုဖူးပါဟု ငါတို့ဆိုလျှင် ငါတို့သည် ကိုယ်တော်ကို လိမ်လည်သောသူဟုဆိုရာရောက်၍ ကိုယ်တော်၏နှုတ်ကပတ်တော်သည် ငါတို့၌မရှိ။