ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:19-25 MSB

19 ထို​သူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ​၏။ သို့​သော် သူ​တို့​သည် ငါ​တို့​နှင့်​စပ်​ဆိုင်​သူ​မ​ဟုတ်။ ငါ​တို့​နှင့်​စပ်​ဆိုင်​သူ​မှန်​လျှင် ငါ​တို့​နှင့်​အ​တူ​နေ​ခဲ့​ကြ​ပေ​လိမ့်​မည်။ သို့​ရာ​တွင် သူ​တို့​ထွက်​သွား​ကြ​သည်​မှာ သူ​တို့​အား​လုံး ငါ​တို့​နှင့်​စပ်​ဆိုင်​သူ​မ​ဟုတ်​ကြောင်း ပေါ်​လွင်​ထင်​ရှား​စေ​ရန်​ဖြစ်​၏။

20 သင်​တို့​မူ​ကား သန့်​ရှင်း​တော်​မူ​သော​အ​ရှင်​ထံ​မှ ဘိ​သိက်​ကျေး​ဇူး​ကို ခံ​စား​ရ​သည်​ဖြစ်​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သိ​ကြ​၏။

21 သင်​တို့​သည် သမ္မာ​တ​ရား​ကို​မ​သိ​ကြ​သော​ကြောင့် မ​ဟုတ်​ဘဲ သမ္မာ​တ​ရား​ကို​လည်း​ကောင်း၊ လိမ်​လည်​ခြင်း​ရှိ​သ​မျှ​တို့​သည် သမ္မာ​တ​ရား​နှင့်​မ​စပ်​ဆိုင်​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။

22 လိမ်​လည်​သော​သူ​ကား မည်​သူ​နည်း။ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း ငြင်း​ပယ်​သော​သူ​မ​ဟုတ်​လော။ ခ​မည်း​တော်​နှင့်​သား​တော်​ကို ငြင်း​ပယ်​သော​သူ​သည် ခ​ရစ်​တော်​ကို​ဆန့်​ကျင်​အန်​တု​သူ​ဖြစ်​၏။

23 သား​တော်​ကို​ငြင်း​ပယ်​သော​သူ​ရှိ​သ​မျှ​တို့​သည် ခ​မည်း​တော်​ကို​မ​ရ။ သား​တော်​ကို​ဝန်​ခံ​သော​သူ​သည် ခ​မည်း​တော်​ကို​ရ​၏။

24 အ​စ​အ​ဦး​က​ပင် သင်​တို့​ကြား​နာ​ခဲ့​သော​အ​ရာ​ကို သင်​တို့​၌​တည်​စေ​ကြ​လော့။ ထို​သို့ အ​စ​အ​ဦး​က​ပင် သင်​တို့​ကြား​နာ​ခဲ့​သော​အ​ရာ​သည် သင်​တို့​၌​တည်​လျှင် သင်​တို့​သည်​လည်း သား​တော်​၌​လည်း​ကောင်း၊ ခ​မည်း​တော်​၌​လည်း​ကောင်း တည်​ကြ​လိမ့်​မည်။

25 ဤ​သည်​ကား ငါ​တို့​အား ကိုယ်​တော်​ပေး​တော်​မူ​သည့် က​တိ​တော်​တည်း​ဟူ​သော ထာ​ဝ​ရ​အ​သက်​ဖြစ်​၏။