ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:26-29 MSB

26 သင်​တို့​ကို​လှည့်​ဖြား​သော​သူ​တို့​နှင့်​ပတ်​သက်​၍ ဤ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။

27 သင်​တို့​မူ​ကား ကိုယ်​တော်​ထံ​မှ​ခံ​စား​ရ​သော​ဘိ​သိက်​ကျေး​ဇူး​သည် သင်​တို့​၌​တည်​ရှိ​သည်​ဖြစ်​၍ မည်​သူ​က​မျှ သင်​တို့​ကို​သင်​ပေး​ရန် မ​လို​အပ်​ပေ။ ထို​ဘိ​သိက်​ကျေး​ဇူး​သည် မှန်​ကန်​၍ လိမ်​လည်​ခြင်း​ကင်း​လျက် အ​ရာ​ခပ်​သိမ်း​တို့​ကို သင်​တို့​အား သင်​ပေး​တော်​မူ​သည်​ဖြစ်​၍ သင်​တို့​အား သင်​ပေး​တော်​မူ​သည့်​အ​တိုင်း ကိုယ်​တော်​၌​တည်​နေ​ကြ​လော့။

28 ထို့​ကြောင့် သား​သ​မီး​တို့၊ ငါ​တို့​သည် ကိုယ်​တော်​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​၍ ကိုယ်​တော်​ကြွ​လာ​တော်​မူ​သည့်​အ​ချိန်​တွင် ရှေ့​တော်​၌ ရှက်​ကြောက်​ခြင်း​မ​ရှိ​စေ​ရန် ကိုယ်​တော်​၌​တည်​နေ​ကြ​လော့။

29 ကိုယ်​တော်​ဖြောင့်​မတ်​တော်​မူ​ကြောင်း​ကို သင်​တို့​သိ​လျှင် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​ကျင့်​သုံး​သော​သူ​တိုင်း​သည် ကိုယ်​တော်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ​ဖြစ်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​၏။