ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:5-11 MSB

5 သို့​ရာ​တွင် မည်​သူ​မ​ဆို ကိုယ်​တော်​၏​စ​ကား​ကို လိုက်​နာ​စောင့်​ထိန်း​လျှင် ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ထို​သူ​၌ အ​မှန်​ပင်​ပြည့်​စုံ​၏။ ဤ​သို့​ဖြင့် ငါ​တို့​သည် ကိုယ်​တော်​၌​ရှိ​သည်​ကို သိ​ကြ​၏။

6 ကိုယ်​တော်​၌ ငါ​တည်​၏​ဟု​ဆို​သော​သူ​သည် ကိုယ်​တော်​အ​သက်​ရှင်​လျှောက်​လှမ်း​တော်​မူ​ခဲ့​သည့်​အ​တိုင်း အ​သက်​ရှင်​လျှောက်​လှမ်း​ရ​မည်။

7 ချစ်​ရ​သော​သူ​တို့၊ သင်​တို့​ထံ ငါ​ရေး​လိုက်​သော​ပ​ညတ်​သည် ပ​ညတ်​သစ်​မ​ဟုတ်။ အ​စ​အ​ဦး​က​ပင် သင်​တို့​၌​ရှိ​သော ပ​ညတ်​ဟောင်း​သာ​ဖြစ်​၏။ ထို​ပ​ညတ်​ဟောင်း​သည် သင်​တို့​ကြား​ခဲ့​ရ​သော နှုတ်​က​ပတ်​တော်​ဖြစ်​၏။

8 တစ်​ဖန် ကိုယ်​တော်​၌​လည်း​ကောင်း၊ သင်​တို့​၌​လည်း​ကောင်း မှန်​ကန်​သော​ပ​ညတ်​သစ်​ကို သင်​တို့​ထံ​သို့ ငါ​ရေး​လိုက်​၏။ အ​ကြောင်း​မူ​ကား မှောင်​မိုက်​သည် ရွေ့​လျား​ကွယ်​ပျောက်​သွား​၍ စစ်​မှန်​သော​အ​လင်း​သည် ထွန်း​တောက်​ပြီ​ဖြစ်​၏။

9 ငါ​သည် အ​လင်း​၌​ရှိ​၏​ဟု​ဆို​လျက် မိ​မိ​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ယ​ခု​တိုင်​အောင် မှောင်​မိုက်​၌​ရှိ​သေး​၏။

10 မိ​မိ​ညီ​အစ်​ကို​ကို​ချစ်​သော​သူ​သည် အ​လင်း​၌​တည်​သည်​ဖြစ်​၍ ထို​သူ​၌ မှား​ယွင်း​စေ​သော​အ​ရာ​မ​ရှိ။

11 မိ​မိ​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​မူ​ကား မှောင်​မိုက်​၌​ရှိ​၍ မှောင်​မိုက်​၌​အ​သက်​ရှင်​လျှောက်​လှမ်း​နေ​၏။ မှောင်​မိုက်​သည် သူ​၏​မျက်​စိ​ကို​ကွယ်​စေ​သ​ဖြင့် သူ​သည် မိ​မိ​မည်​သည့်​အ​ရပ်​သို့​သွား​နေ​သည်​ကို မ​သိ။