ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3:8-14 MSB

8 အ​ပြစ်​ကို​ပြု​နေ​သော​သူ​သည် မာရ်​နတ်​နှင့်​စပ်​ဆိုင်​သော​သူ​ဖြစ်​၏။ အ​ကြောင်း​မူ​ကား မာရ်​နတ်​သည် အ​စ​အ​ဦး​က​ပင် အ​ပြစ်​ပြု​လျက်​ရှိ​၏။ ဘု​ရား​သ​ခင်​၏​သား​တော်​ပေါ်​ထွန်း​တော်​မူ​ခဲ့​သည်​မှာ မာရ်​နတ်​၏​လုပ်​ဆောင်​မှု​တို့​ကို ပယ်​ဖျက်​ရန်​အ​တွက်​ဖြစ်​၏။

9 ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ မည်​သူ​၌​မ​ဆို ဘု​ရား​သ​ခင်​၏​မျိုး​စေ့​တည်​နေ​သည်​ဖြစ်​၍ ထို​သူ​သည် အ​ပြစ်​ကို​ပြု​နေ​ခြင်း​မ​ရှိ။ သူ​သည် ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​ကြောင့် အ​ပြစ်​ကို​ဆက်​၍​မ​ပြု​နိုင်။

10 ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​မ​ကျင့်​သုံး​သော​သူ​တိုင်း​သည် ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်။ မိ​မိ​ညီ​အစ်​ကို​ကို​မ​ချစ်​သော​သူ​သည်​လည်း ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်။ ဤ​သို့​သော​အား​ဖြင့် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​နှင့် မာရ်​နတ်​၏​သား​သ​မီး​များ​ကို ခွဲ​ခြား​သိ​ရှိ​နိုင်​၏။

11 ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​ရ​မည်​ဟူ​သော ဤ​သ​တင်း​စ​ကား​သည် အ​စ​အ​ဦး​က​ပင် သင်​တို့​ကြား​နာ​ရ​သော​သ​တင်း​စ​ကား​ဖြစ်​၏။

12 မာရ်​နတ်​နှင့်​စပ်​ဆိုင်​သော​သူ​ဖြစ်​ပြီး မိ​မိ​၏​ညီ​ကို​သတ်​သော​ကာ​ဣ​န​ကဲ့​သို့ မ​ဖြစ်​ကြ​နှင့်။ အ​ဘယ်​ကြောင့် ညီ​ကို​သတ်​သ​နည်း​ဟူ​မူ​ကား သူ​၏​လုပ်​ဆောင်​မှု​သည် ဆိုး​ညစ်​၍ သူ့​ညီ​၏​လုပ်​ဆောင်​မှု​သည် ဖြောင့်​မတ်​သော​ကြောင့်​ဖြစ်​၏။

13 ညီ​အစ်​ကို​တို့၊ လော​ကီ​သား​တို့​သည် သင်​တို့​ကို​မုန်း​လျှင် မ​အံ့​ဩ​ကြ​နှင့်။

14 ငါ​တို့​သည် ညီ​အစ်​ကို​တို့​ကို ချစ်​ကြ​သော​ကြောင့် သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း​သို့ ကူး​ပြောင်း​ပြီ​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ မ​ချစ်​သော​သူ​မူ​ကား သေ​ခြင်း​၌​တည်​၏။