ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4:16-21 MSB

16 ငါ​တို့​သည် ငါ​တို့​အ​ပေါ်​၌ ဘု​ရား​သ​ခင်​ထား​ရှိ​သော​ချစ်​ခြင်း​မေတ္တာ​ကို​သိ​၍ ယုံ​ကြည်​ကြ​၏။ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏။ ချစ်​ခြင်း​မေတ္တာ​၌​တည်​သော​သူ​သည် ဘု​ရား​သ​ခင်​၌​တည်​၍ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ​၌​တည်​တော်​မူ​၏။

17 ငါ​တို့​သည် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​စေ​ရန် ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်​စုံ​၏။ အ​ကြောင်း​မူ​ကား ငါ​တို့​သည်​လည်း ဤ​လော​က​တွင် ကိုယ်​တော်​ကဲ့​သို့​ဖြစ်​ကြ​၏။

18 ချစ်​ခြင်း​မေတ္တာ​၌ ကြောက်​ရွံ့​ခြင်း​မ​ရှိ။ ကြောက်​ရွံ့​ခြင်း​သည် အ​ပြစ်​ဒဏ်​ခံ​ရ​ခြင်း​နှင့်​သက်​ဆိုင်​သည်​ဖြစ်​၍ စုံ​လင်​သော​ချစ်​ခြင်း​မေတ္တာ​သည် ကြောက်​ရွံ့​ခြင်း​ကို ဖယ်​ရှား​တတ်​၏။ ထို့​ကြောင့် ကြောက်​တတ်​သော​သူ​သည် ချစ်​ခြင်း​မေတ္တာ​နှင့်​မ​ပြည့်​စုံ​သေး။

19 ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ဦး​စွာ​ချစ်​တော်​မူ​သော​ကြောင့် ငါ​တို့​သည်​လည်း​ချစ်​ကြ​၏။

20 တစ်​စုံ​တစ်​ယောက်​က “ငါ​သည် ဘု​ရား​သ​ခင်​ကို​ချစ်​၏”​ဟု ဆို​လျက်​ပင် မိ​မိ​ညီ​အစ်​ကို​ကို​မုန်း​လျှင် ထို​သူ​သည် လိမ်​လည်​သော​သူ​ဖြစ်​၏။ မြင်​ရ​သော​မိ​မိ​ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ​သည် မ​မြင်​ရ​သော​ဘု​ရား​သ​ခင်​ကို မ​ချစ်​နိုင်။

21 “ဘု​ရား​သ​ခင်​ကို​ချစ်​သော​သူ​သည် မိ​မိ​ညီ​အစ်​ကို​ကို​လည်း ချစ်​ရ​မည်”​ဟူ​သော ဤ​ပ​ညတ်​တော်​ကို ကိုယ်​တော်​ထံ​မှ ငါ​တို့​ရ​ရှိ​ကြ​၏။