ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4:5-11 MSB

5 ထို​သူ​တို့​သည် လော​က​နှင့်​စပ်​ဆိုင်​သူ​များ​ဖြစ်​ကြ​သော​ကြောင့် လော​က​နှင့်​စပ်​ဆိုင်​သော​အ​ရာ​ကို ပြော​ဆို​တတ်​ကြ​၏။ လော​ကီ​သား​တို့​သည်​လည်း သူ​တို့​ကို​နား​ထောင်​တတ်​ကြ​၏။

6 ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သူ​များ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​ကို​သိ​သော​သူ​သည် ငါ​တို့​စ​ကား​ကို​နား​ထောင်​တတ်​၏။ ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်​သော​သူ​သည် ငါ​တို့​စ​ကား​ကို​နား​မ​ထောင်​တတ်။ ဤ​သို့​သော​အား​ဖြင့် ငါ​တို့​သည် သမ္မာ​တ​ရား​၏​ဝိ​ညာဉ်​နှင့် မှား​ယွင်း​ခြင်း​၏​ဝိ​ညာဉ်​ကို သိ​ရ​ကြ​၏။

7 ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​ကုန်​စို့။ အ​ကြောင်း​မူ​ကား ချစ်​ခြင်း​မေတ္တာ​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​၏။ ချစ်​ခြင်း​မေတ္တာ​ရှိ​သော​သူ​တိုင်း​သည်​လည်း ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ​ဖြစ်​ပြီး ဘု​ရား​သ​ခင်​ကို​သိ​၏။

8 ချစ်​ခြင်း​မေတ္တာ​မ​ရှိ​သော​သူ​သည် ဘု​ရား​သ​ခင်​ကို​မ​သိ။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏။

9 ငါ​တို့​သည် သား​တော်​အား​ဖြင့် အ​သက်​ရှင်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​သည် မိ​မိ​၏​တစ်​ပါး​တည်း​သော​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​၏။ ဤ​သို့​ဖြင့် ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​၌ ထင်​ရှား​၏။

10 ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ခဲ့​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​က​သာ ငါ​တို့​ကို​ချစ်​တော်​မူ​၍ ငါ​တို့​၏​အ​ပြစ်​များ​အ​တွက် အ​သ​နား​ခံ​ခြင်း​ပူ​ဇော်​သက္ကာ​အ​ဖြစ် မိ​မိ​၏​သား​တော်​ကို စေ​လွှတ်​တော်​မူ​၏။ ဤ​အ​မှု​အ​ရာ​၌ ချစ်​ခြင်း​မေတ္တာ​ရှိ​၏။

11 ချစ်​ရ​သော​သူ​တို့၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဤ​မျှ​လောက်​ချစ်​တော်​မူ​လျှင် ငါ​တို့​သည်​လည်း အ​ချင်း​ချင်း​ချစ်​သင့်​၏။