ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5:1-4 MSB

1 ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟု ယုံ​ကြည်​သော​သူ​တိုင်း​သည် ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ​ဖြစ်​၏။ ပေါက်​ဖွား​စေ​တော်​မူ​သော​အ​ရှင်​ကို ချစ်​သော​သူ​တိုင်း​သည် ထို​အ​ရှင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ​ကို​လည်း​ချစ်​၏။

2 ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​၍ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​လျှင် ထို​အ​မှု​အ​ရာ​အား​ဖြင့် ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ကို​ချစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

3 ဘု​ရား​သ​ခင်​ကို​ချစ်​ခြင်း​ဆို​သည်​မှာ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ခြင်း​ပင်​ဖြစ်​၏။ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည်​လည်း စောင့်​ထိန်း​ရန်​ခဲ​ယဉ်း​သည်​မ​ဟုတ်။

4 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ​တိုင်း​သည် လော​က​ကို​အောင်​နိုင်​၏။ လော​က​ကို​အောင်​နိုင်​သော အောင်​ပွဲ​မှာ ငါ​တို့​၏​ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​၏။