သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5 MSB

သ​ခင်​ဘု​ရား​၏​နေ့​ရက်

1 သို့​ရာ​တွင် ညီ​အစ်​ကို​တို့၊ ထို​အ​ချိန်​အ​ခါ​နှင့်​ကာ​လ​များ​အ​ကြောင်း​ကို သင်​တို့​ထံ​ရေး​သား​ရန် မ​လို​အပ်​ပေ။

2 အ​ကြောင်း​မူ​ကား သူ​ခိုး​သည် ည​အ​ချိန်​၌​လာ​သ​ကဲ့​သို့ သ​ခင်​ဘု​ရား​၏​နေ့​ရက်​သည် ရောက်​လာ​မည်​ဖြစ်​ကြောင်း သင်​တို့​ကိုယ်​တိုင် သေ​ချာ​စွာ​သိ​ကြ​၏။

3 “ငြိမ်း​ချမ်း​မှု​နှင့်​လုံ​ခြုံ​မှု​ရှိ​သည်”​ဟု လူ​တို့​ပြော​ဆို​နေ​ကြ​သည့်​အ​ချိန်​၌​ပင် ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​၌ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရောက်​လာ​သ​ကဲ့​သို့ ပျက်​စီး​ခြင်း​သည် သူ​တို့​အ​ပေါ် ရုတ်​တ​ရက်​ရောက်​လာ​၍ သူ​တို့​သည် လုံး​ဝ​လွတ်​မြောက်​နိုင်​မည်​မ​ဟုတ်။

4 သို့​သော် ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​မှောင်​ထဲ​၌​မ​ရှိ​သော​ကြောင့် ထို​နေ့​ရက်​သည် သူ​ခိုး​ကဲ့​သို့ သင်​တို့​ကို အ​ငိုက်​ဖမ်း​လိမ့်​မည်​မ​ဟုတ်။

5 အ​ကြောင်း​မူ​ကား သင်​တို့​အား​လုံး​သည် အ​လင်း​၏​သား​သ​မီး​များ၊ နေ့​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ ငါ​တို့​သည် ည​နှင့်​ဖြစ်​စေ၊ အ​မှောင်​နှင့်​ဖြစ်​စေ စပ်​ဆိုင်​ကြ​သည်​မ​ဟုတ်။

6 သို့​ဖြစ်​၍ အ​ခြား​သော​သူ​များ​ကဲ့​သို့ အိပ်​ပျော်​ခြင်း​မ​ရှိ​ဘဲ သမ္မာ​သ​တိ​ရှိ​လျက် နိုး​ကြား​စွာ​စောင့်​နေ​ကြ​ကုန်​စို့။

7 အ​ကြောင်း​မူ​ကား အိပ်​ပျော်​သော​သူ​တို့​သည် ည​အ​ခါ​၌ အိပ်​ပျော်​တတ်​ကြ​၏။ ယစ်​မူး​သော​သူ​တို့​သည်​လည်း ည​အ​ခါ​၌ ယစ်​မူး​တတ်​ကြ​၏။

8 ငါ​တို့​မူ​ကား နေ့​နှင့်​စပ်​ဆိုင်​ကြ​သည်​ဖြစ်​၍ ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ကို ရင်​အုပ်​တန်​ဆာ​အ​ဖြစ်​ဝတ်​ဆင်​လျက် ကယ်​တင်​ခြင်း​၌​မျှော်​လင့်​ခြင်း​ကို သံ​ခ​မောက်​အ​ဖြစ်​ဆောင်း​ကာ သမ္မာ​သ​တိ​ရှိ​ကြ​ကုန်​စို့။

9 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​မျက်​တော်​သက်​ရောက်​စေ​ရန် သတ်​မှတ်​ထား​တော်​မူ​သည်​မ​ဟုတ်​ဘဲ ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​ကို​ရ​ရှိ​စေ​ရန် သတ်​မှတ်​ထား​တော်​မူ​၏။

10 ငါ​တို့​သည် နိုး​နေ​သည်​ဖြစ်​စေ၊ အိပ်​ပျော်​နေ​သည်​ဖြစ်​စေ၊ ကိုယ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​မည့်​အ​ကြောင်း ကိုယ်​တော်​သည် ငါ​တို့​အ​တွက် အ​သေ​ခံ​တော်​မူ​၏။

11 ထို့​ကြောင့် ယ​ခု​သင်​တို့​ပြု​နေ​သည့်​အ​တိုင်း အ​ချင်း​ချင်း​တိုက်​တွန်း​နှိုး​ဆော်​၍ တစ်​ဦး​ကို​တစ်​ဦး တည်​ဆောက်​မြှင့်​တင်​ပေး​ကြ​လော့။

တိုက်​တွန်း​နှိုး​ဆော်​ခြင်း​နှင့် ကောင်း​ချီး​ပေး​ခြင်း

12 ညီ​အစ်​ကို​တို့၊ သင်​တို့​ထဲ​တွင် ကြိုး​စား​အား​ထုတ်​၍ သ​ခင်​ဘု​ရား​၌ သင်​တို့​ကို စီ​မံ​အုပ်​ချုပ်​လျက် သ​တိ​ပေး​ဆုံး​မ​နေ​ကြ​သော​သူ​များ​ကို ကြည်​ညို​လေး​စား​ကြ​ရန်​လည်း​ကောင်း၊

13 သူ​တို့​လုပ်​ဆောင်​သော​အ​မှု​အ​တွက် မေတ္တာ​စိတ်​နှင့် သူ​တို့​ကို​အ​ထူး​တန်​ဖိုး​ထား​ကြ​ရန်​လည်း​ကောင်း သင်​တို့​အား ငါ​တို့​တောင်း​ပန်​ကြ​၏။ သင်​တို့​အ​ချင်း​ချင်း​သင့်​မြတ်​စွာ​နေ​ကြ​လော့။

14 ညီ​အစ်​ကို​တို့၊ သင်​တို့​အား ငါ​တို့​တိုက်​တွန်း​နှိုး​ဆော်​သည်​ကား စည်း​မဲ့​ကမ်း​မဲ့​နေ​သော​သူ​တို့​ကို သ​တိ​ပေး​ဆုံး​မ​ကြ​လော့။ စိတ်​အား​ငယ်​သော​သူ​တို့​ကို နှစ်​သိမ့်​ကြ​လော့။ အား​နည်း​သော​သူ​တို့​ကို ထောက်​မ​ကြ​လော့။ လူ​အ​ပေါင်း​တို့​အ​ပေါ် စိတ်​ရှည်​သည်း​ခံ​ကြ​လော့။

15 မည်​သူ​မျှ သူ​တစ်​ပါး​အ​ပေါ် အ​ဆိုး​ကို​အ​ဆိုး​ဖြင့်​မ​တုံ့​ပြန်​ကြ​စေ​ရန် သ​တိ​ပြု​ကြ​လော့။ အ​ချင်း​ချင်း​အ​တွက်​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​အ​တွက်​လည်း​ကောင်း ကောင်း​ကျိုး​ကို​သာ အ​စဉ်​ကြိုး​စား​ပြု​ကြ​လော့။

16 အ​စဉ်​ဝမ်း​မြောက်​ကြ​လော့။

17 အ​မြဲ​မ​ပြတ်​ဆု​တောင်း​ကြ​လော့။

18 အ​ရာ​ရာ​၌ ကျေး​ဇူး​တော်​ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ထို​သို့​ပြု​ကြ​ရန် ခ​ရစ်​တော်​ယေ​ရှု​၌ ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​၏။

19 ဝိ​ညာဉ်​တော်​၏​အ​ရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။

20 ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​ကို မ​ထီ​မဲ့​မြင်​မ​ပြု​ကြ​နှင့်။

21 သို့​သော် အ​ရာ​ခပ်​သိမ်း​တို့​ကို​စစ်​ဆေး​၍ ကောင်း​သော​အ​ရာ​ကို စွဲ​ကိုင်​ထား​ကြ​လော့။

22 မ​ကောင်း​မှု​အ​မျိုး​စုံ​တို့​ကို ရှောင်​ကြဉ်​ကြ​လော့။

23 ငြိမ်​သက်​ခြင်း​၏​အ​ရှင် ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် သင်​တို့​ကို အ​ကုန်​အ​စင်​သန့်​ရှင်း​စေ​တော်​မူ​ပါ​စေ​သော။ ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ သင်​တို့​၏​ဝိ​ညာဉ်၊ စိတ်​နှ​လုံး၊ ကိုယ်​ခန္ဓာ​ကို အ​ပြစ်​တင်​စ​ရာ​မ​ရှိ​စေ​ရန် စောင့်​ရှောက်​တော်​မူ​ပါ​စေ​သော။

24 သင်​တို့​ကို ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​သည် သစ္စာ​နှင့်​ပြည့်​စုံ​သည်​ဖြစ်​၍ ထို​သို့​ပြု​တော်​မူ​လိမ့်​မည်။

25 ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​တွက်​လည်း ဆု​တောင်း​ပေး​ကြ​လော့။

26 ညီ​အစ်​ကို​အား​လုံး​တို့​ကို သန့်​ရှင်း​သော​အ​နမ်း​ဖြင့် နှုတ်​ဆက်​ကြ​လော့။

27 ဤ​စာ​ကို ညီ​အစ်​ကို​အား​လုံး​တို့​ရှေ့​၌​ဖတ်​ကြား​ရန် သ​ခင်​ဘု​ရား​၌ သင်​တို့​ကို အ​လေး​အ​နက်​ငါ​အ​မိန့်​ပေး​၏။

28 ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

အခန်းကြီး

1 2 3 4 5