သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1 MSB

နှုတ်​ခွန်း​ဆက်​ခြင်း

1 ပေါ​လု၊ သိ​လွာ​နု​နှင့် တိ​မော​သေ​တို့​သည် ခ​မည်း​တော်​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၌​တည်​သော သက်​သာ​လော​နိတ်​မြို့​သား​တို့​၏​အ​သင်း​တော်​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။

ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း

2 ငါ​တို့​သည် သင်​တို့​အား​လုံး​အ​တွက် ဘု​ရား​သ​ခင်​ကို အ​စဉ်​အ​မြဲ​ကျေး​ဇူး​တင်​လျက် ငါ​တို့​၏​ဆု​တောင်း​ချက်​များ​၌ သင်​တို့​ကို​သ​တိ​ရ​ကာ

3 သင်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​လုပ်​ဆောင်​မှု၊ မေတ္တာ​ဖြင့်​ကြိုး​ပမ်း​အား​ထုတ်​မှု​နှင့် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကို မျှော်​လင့်​ခြင်း​အား​ဖြင့်​ဖြစ်​ပေါ်​သော​သည်း​ခံ​မှု​တို့​ကို ငါ​တို့​အ​ဖ​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ အ​မြဲ​မ​ပြတ်​အောက်​မေ့​ကြ​၏။

4 ဘု​ရား​သ​ခင်​ချစ်​တော်​မူ​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။

5 အ​ကြောင်း​မူ​ကား ငါ​တို့​ဟော​ပြော​သည့် ကောင်း​မြတ်​သော​သ​တင်း​သည် စ​ကား​အား​ဖြင့်​သာ​မ​ဟုတ်​ဘဲ တန်​ခိုး​တော်​အား​ဖြင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ပြည့်​ဝ​သော​စိတ်​ချ​မှု​အား​ဖြင့်​လည်း​ကောင်း သင်​တို့​ထံ​သို့​ရောက်​လာ​၏။ ငါ​တို့​သည် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ် သင်​တို့​အ​တွက် မည်​ကဲ့​သို့​သော​သူ​ဖြစ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။

6 သင်​တို့​သည်​လည်း များ​စွာ​သော​ဆင်း​ရဲ​ဒုက္ခ​ထဲ​၌ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ထံ​မှ​ရ​ရှိ​သော​ဝမ်း​မြောက်​ခြင်း​ဖြင့် နှုတ်​က​ပတ်​တော်​ကို​လက်​ခံ​၍ ငါ​တို့​နှင့်​သ​ခင်​ဘု​ရား​ကို အ​တု​ယူ​သူ​များ​ဖြစ်​ကြ​၏။

7 ဤ​သို့​ဖြင့် သင်​တို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​၌​ရှိ​သော ယုံ​ကြည်​သူ​အား​လုံး​အ​တွက် စံ​န​မူ​နာ​ဖြစ်​ကြ​၏။

8 အ​ဘယ်​ကြောင့်​ဆို​သော် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​သည် သင်​တို့​ထံ​မှ မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​သို့ ပဲ့​တင်​ထပ်​သွား​ခဲ့​သည်​သာ​မ​က ဘု​ရား​သ​ခင်​အ​ပေါ်​၌​ရှိ​သော သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သည်​လည်း နေ​ရာ​အ​နှံ့​သို့ ပျံ့​နှံ့​လေ​ပြီ​ဖြစ်​သော​ကြောင့် ငါ​တို့​၌​ပြော​စ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။

9 အ​ကြောင်း​မူ​ကား သင်​တို့​သည် ငါ​တို့​ကို မည်​ကဲ့​သို့​လက်​ခံ​ကြ​သည်​ကို​လည်း​ကောင်း၊ အ​သက်​ရှင်​တော်​မူ​၍​စစ်​မှန်​သော​ဘု​ရား​သ​ခင်​ကို အ​စေ​ခံ​ရန်​နှင့်

10 ကျ​ရောက်​လာ​မည့်​အ​မျက်​တော်​မှ ငါ​တို့​ကို​ကယ်​နုတ်​တော်​မူ​သည့် ယေ​ရှု​တည်း​ဟူ​သော သေ​သော​သူ​တို့​ထဲ​မှ ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မူ​သော​သား​တော်​သည် ကောင်း​ကင်​ဘုံ​မှ​ကြွ​လာ​တော်​မူ​မည်​ကို စောင့်​မျှော်​ရန် သင်​တို့​သည် ရုပ်​တု​များ​ကို​စွန့်​၍ ဘု​ရား​သ​ခင်​ထံ မည်​ကဲ့​သို့​ပြောင်း​လဲ​လာ​ကြ​သည်​ကို​လည်း​ကောင်း သူ​တို့​ကိုယ်​တိုင်​ပြော​ကြား​ကြ​၏။

အခန်းကြီး

1 2 3 4 5