1 ရေလွှမ်းမိုးသောနောက်၊ နောဧသား ရှေမ၊ ဟာမ၊ ယာဖက်တို့မှဆင်းသက်သော သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။
2 ယာဖက်၏သားကား ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိရတ်တည်း။
3 ဂေါမသားကား၊ အာရှေကနတ်၊ ရိဖတ်၊ တော်ဂမတည်း။
4 ယာဝန်သားကား၊ ဧလိရှား၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒနိမ်တည်း။
5 ဤသူတို့သည် လူအမျိုးမျိုး တကျွန်းတနိုင်ငံမြေနယ်တို့ကို ဘာသာအသီးအသီး၊ အမျိုးအနွယ်အသီးသီးရှိသည့်အတိုင်း၊ အချင်းချင်းခွဲဝေကြ၏။
6 ဟာမသားကား၊ ကုရှ၊ မိဇရိမ်၊ ဇုတ၊ ခါနာန်တည်း။
7 ကုရှသားကား၊ သေဘ၊ ဟာဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါတည်း။ ရာဂမသားကား၊ ရှေဘ၊ ဒေဒန်တည်း။