ကမ္ဘာ​ဦး 5 BJB

1 အာဒံ၏သားစဉ်မြေးဆက် စာရင်းဟူမူကား၊ လူကိုဖန်ဆင်းတော်မူသော ကာလ၌၊ မိမိပုံသဏ္ဍာန်နှင့်အညီ၊ ဘုရားသခင် ဖန်ဆင်းတော်မူ၏။

2 လူယောက်ျားလူမိန်းမကို ဖန်ဆင်း၍၊ ကောင်းကြီးပေးတော်မူ၏။ ဖန်ဆင်းသောနေ့၌လည်း သူတို့ကို အာဒံအမည်ဖြင့် မှည့်တော်မူ၏။

3 အာဒံသည် အသက်တရာ့သုံးဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန်နှင့်အညီ သဏ္ဍာန်တည်းသားကိုမြင်ရ၍ ရှေသအမည်ဖြင့် မှည့်လေ၏။

4 ရှေသကို ဘွားမြင်သောနောက် အာဒံသည် အနှစ်ရှစ်ရာအသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။

5 အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ်စေ့သော် သေလေ၏။

6 ရှေသသည် အသက်တရာငါးနှစ်ရှိသော်၊ သားဧနုတ်ကို မြင်လေ၏။

7 ဧနုတ်ဘွားမြင်သောနောက်၊ ရှေသသည် အနှစ်ရှစ်ရာခုနစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။

8 ရှေလသည် အသက်နှစ်ပေါင်းကိုးရာတဆယ်နှစ်နှစ်စေ့သော် သေလေ၏။

9 ဧနုတ်သည် အသက်ကိုးဆယ်ရှိသော်၊ သားကာဣနန်ကို မြင်လေ၏။

10 ကာဣနန်ဘွားမြင်သောနောက်၊ ဧနုတ်သည် အနှစ်ရှစ်ရာတဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။

11 ဧနုတ်သည် အသက်နှစ်ပေါင်းကိုးရာငါးနှစ်စေ့သော်သေလေ၏။

12 ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသော်၊ သားမဟာလေလကို မြင်လေ၏။

13 မဟာလေလဘွားမြင်သောနောက်၊ ကာဣနန်သည် အနှစ်ရှစ်ရာလေးဆယ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။

14 ကာဣနန်သည် အသက်နှစ်ပေါင်းကိုးရာတဆယ်စေ့သော် သေလေ၏။

15 မဟာလေလသည် အသက်ခြောက်ဆယ့်ငါးနှစ်ရှိသော်၊ သားယာရက်ကို မြင်လေ၏။

16 ယာရက်ဘွားမြင်သောနောက် မဟာလေလသည် အနှစ်ရှစ်ရာသုံးဆယ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။

17 မဟာလေလသည် အသက်နှစ်ပေါင်းရှစ်ရာကိုးဆယ့်ငါးနှစ်စေ့သော် သေလေ၏၊

18 ယာရက်သည် အသက်တရာခြောက်ဆယ်နှစ်နှစ်ရှိသော် သားဧနောက်ကိုမြင်လေ၏။

19 ဧနောက်ဘွားမြင်သောနောက် ယာရက်သည် အနှစ်ရှစ်ရာအသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။

20 ယာရက်သည် အသက်နှစ်ပေါင်းကိုးရာခြောက်ဆယ်နှစ်နှစ်စေ့သော် သေလေ၏။

21 ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ်ရှိသော် သားမသုရှလကို မြင်လေ၏။

22 မသုရှလဘွားမြင်သောနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍ သားသမီးများကို မြင်လေ၏။

23 ဧနောက်အသက်နှစ်ပေါင်းသုံးရာခြောက်ဆယ်ငါးနှစ်တည်း၊

24 ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည်မရှိ။ အကြောင်းမူကား၊ ဘုရားသခင် သိမ်းယူတော်မူသောကြောင့်တည်း။

25 မသုရှလသည် အသက်တရာ့ရှစ်ဆယ်ခုနစ်နှစ်ရှိသော်၊ သား လာမက်ကို မြင်လေ၏။

26 လာမက်ဘွားမြင်သောနောက်၊ မသုရှလသည် အနှစ်ခုနစ်ရာ ရှစ်ဆယ်နှစ်နှစ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။

27 မသုရှလသည် အသက်နှစ်ပေါင်းကိုးရာ ခြောက်ဆယ်ကိုးနှစ်စေ့သော် သေလေ၏။

28 လာမက်သည် အသက်တရာရှစ်ဆယ်နှစ်နှစ်ရှိသော် သားကို မြင်၍၊

29 ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသော မြေ၌လုပ်၍ ပင်ပန်းစွာ ခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကို နောဧဟူသော အမည်ဖြင့် မှည့်လေ၏။

30 နောဧဘွားမြင်သောနောက်၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။

31 လာမက်သည် အသက်နှစ်ပေါင်း ခုနစ်ရာခုနစ်ဆယ်ခုနစ်နှစ် စေ့သော်သေလေ၏။

32 နောဧသည် အသက်ငါးရာရှိ၏။ နောဧသားကား ၊ ရှေးမ၊ ဟာမ၊ ယာဖက်တည်း။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50