30 ညီတို့ရှိရာသို့သွား၍၊ သူငယ်မရှိပါတကား။ ငါသည် အဘယ်သို့သွားရပါ မည်နည်းဟု ဆိုလေ၏။
31 သူတို့သည်လည်း၊ ယောသပ်အင်္ကျီကိုယူ၍၊ ဆိတ်သငယ်ကိုသတ်ပြီးမှ၊ အင်္ကျီကိုအသွေး၌နှစ်လေ၏။
32 ထိုနောက်မှ၊ အဆင်းထူးခြားသောထိုအင်္ကျီကိုပေးလိုက်၍၊ အချို့တို့သည် အဘထံသို့ဆောင်ခဲ့လျက်၊ ဤအင်္ကျီကိုအကျွန်ုပ်တို့တွေ့ပါပြီ။ သား၏အင်္ကျီ ဟုတ်သည် မဟုတ်သည်ကိုကြည့်ပါဟုဆိုလျှင်၊
33 ထိုအင်္ကျီကိုအဘမှတ်မိ၍၊ ငါ့သား၏အင်္ကျီမှန်၏။ သူ့ကိုဆိုးသော သားရဲကိုက်စားပြီ။ အကယ်၍ယောသပ်ကို အပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကားဟုဆိုလျက်၊
34 မိမိအဝတ်ကိုဆွဲဆုတ်၍၊ လျှော်တေအဝတ်ကိုပတ်စည်းသဖြင့်၊ အင်တန်ကာလပတ်လုံး၊ သားကြောင့် စိတ်မသာညည်းတွားလျက်နေလေ၏။
35 သားသမီးအပေါင်းတို့သည်၊ အဘကိုနှစ်သိမ့်စေခြင်းငှါ ကြိုးစားသော်လည်း၊ သူသည် နှစ်သိမ့်စေသောစကားကို နားမထောင်ဘဲ၊ ငါ့သားရှိရာ မရဏာနိုင်ငံသို့ စိတ်မသာညည်းတွားလျက် ဆင်းသက်တော့မည်ဟုဆိုလေ၏။ ထိုသို့ယောသပ်အဘသည် သားကြောင့်ငိုကြွေးမြည်တမ်းလျက် နေလေ၏။
36 ယောသပ်ကိုကား၊ မိဒျန်လူတို့သည် အဲဂုတ္တုပြည်သို့ဆောင်သွား၍၊ ဖာရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူး၊ ပေါတိဖာထံမှာရောင်းကြ၏။