7 အလုံးသေးသောစပါးခုနစ်နှံတို့သည် အလုံးကြီး၍ ကောင်းသော စပါးခုနစ်နှံတို့ကိုစားကြ၏။ ဖာရောမင်းလည်းနိုး၍ အိပ်မက်ဖြစ်သည်ကို သိလေ၏။
8 နံနက်အချိန်ရောက်သောအခါ၊ ဖာရောမင်းသည် စိတ်ပူပန်၍၊ အဲဂုတ္တုဗေဒင်တတ် ပညာရှိအပေါင်းတို့ကိုခေါ်၍ အိပ်မက်တော်ကို ပြန်ကြားတော်မူ၏။ သို့သော်လည်းရှေ့တော်၌ အနက်ကိုဘတ်နိုင်သောသူ တယောက်မျှမရှိ။
9 ထိုအခါဖလားတော်ဝန်က၊ ကျွန်တော်သည်ကိုယ်အပြစ်ကို ယနေ့အောက်မေ့ပါ၏။
10 ဖာရောဘုရင်သည် ကျွန်တော်နှင့် စားတော်ဝန်ကိုအမျက်ထွက်၍ ကိုယ်ရံတော်မှူးအိမ်၌ ချုပ်ထားတော်မူသောအခါ၊
11 ကျွန်တော်တို့နှစ်ယောက်သည် အသီးအသီး မိမိတို့ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသောအိပ်မက်ကို တညဉ့်ခြင်းတွင် မြင်မက်ကြပါ၏။
12 ကျွန်တော်တို့၌ကိုယ်ရံတော်မှူး၏ကျွန် ဟေဗြဲလုလင်တယောက်ရှိ၏။ ထိုသူအားကျွန်တော်တို့သည် ကြားပြော၍ သူသည်အိပ်မက်၏အနက်ကို ဘတ်ပါ၏။ တယောက်စီမြင်မက်သည်အတိုင်း ဘတ်ပါ၏။
13 ဘတ်သည်အတိုင်းလည်းမှန်ပါ၏။ ကျွန်တော်သည် အရင်အရာကိုရပြန်၍၊ စားတော်ဝန်မူကား၊ ဆွဲထားခြင်းကိုခံရပါသည်ဟု လျှောက်လေ၏။