27 ဗင်္ယာမိန်သည် လုယူကိုက်စားတတ်သောတောခွေးဖြစ်လိမ့်မည်။ ဘမ်းရသောအရာကို နံနက်အချိန်၌ကိုက်စား၍၊ လုယူသောအရာကိုလည်း ညအချိန်၌ဝေဖန်လိမ့်မည်ဟု မြွက်ဆို၏။
28 ဤသူတို့ကား၊ ဣသရေလအမျိုးဆယ်နှစ်မျိုးဖြစ်၏။ ဤစကားသည်လည်း သူတို့အဘမြွက်ဆို၍၊ သူတို့အသီးသီးခံရသောမင်္ဂလာရှိသည်အတိုင်း၊ ကောင်းကြီး ပေးသောစကားပေတည်း။
29 တဖန်တုံ၊ ငါ့လူမျိုးစည်းဝေးရာသို့ငါသွားရမည်။ ဟိတ္တိအမျိုးသား၊ ဧဖရုန်၏လယ်ပြင်တွင်ရှိသောမြေတွင်း၌၊ ငါ့အဘတို့နှင့်အတူ ငါ့ကိုသင်္ဂြိုဟ်ကြပါ။
30 ခါနာန်ပြည်မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင်၌ရှိသော ထိုမြေတွင်းကို၊ အာဗြဟံသည် ကိုယ်ပိုင်သောသင်္ချၖိုင်းဘို့ လယ်ပြင်နှင့်တကွ ဟိတ္တိအမျိုးသားဧဖရုန်၌ ဝယ်လေပြီ။
31 ထိုမြေတွင်း၌ အာဗြဟံနှင့်မယားစာရာကို သင်္ဂြိုဟ်ကြပြီ။ ဣဇာက်နှင့် မယားရေဗက္ကကိုလည်းသင်္ဂြိုဟ်ကြပြီ။ လေအာကိုလည်းငါသင်္ဂြိုဟ်ပြီ။
32 ထိုမြေတွင်းရှိသော ထိုလယ်ပြင်ကို၊ ဟေသအမျိုးသားရှေ့မှာ ဝယ်သတည်းဟု မှာထား၏။
33 ထိုသို့ယာကုပ်သည် မိမိသားတို့ကို အကုန်အစင်မှာထားပြီးလျှင်၊ မိမိခြေတို့ကို ခုတင်ပေါ်မှာ ရုပ်သိမ်းသဖြင့်၊ အသက်ချုပ်၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။