26 ငါသည်လည်း၊ ကေဒမုတ်တောမှ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်မင်းထံသို့ သံတမန်တို့ကိုစေလွှတ်လျက်၊
27 မင်းကြီး၏ပြည်အလယ်၌ ကျွန်ုပ်ရှောက်သွားပါရစေ။ မင်းလမ်းသို့သာ လိုက်ပါမည်။ လက်ျာဘက်လက်ဝဲဘက်သို့မလွှဲပါ။
28 စိရပြည်၌နေသောဧသောအမျိုးသား၊ အာရပြည်၌နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ်၌ပြုသကဲ့သို့ ကျွန်ုပ်စားဘို့ရာအစာကို၎င်း၊ သောက်ဘို့ရာရေကို၎င်း၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့။
29 ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်သို့ ကျွန်ုပ်သည် ယော်ဒန်မြစ်ကိုကူး၍ မရောက်မှီတိုင်အောင် မင်းကြီးပြည်အလယ်၌ ခြေဖြင့်သွားရုံမျှသာပြုပါမည်ဟု မိဿဟာယစကားနှင့် ပြောဆိုသော်လည်း၊
30 ကျွန်ုပ်တို့ရှောက်သွားရသောအခွင့်ကို ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်မင်းသည် မပေး။ အကြောင်းမူကား၊ ယနေ့ထင်ရှားသည်အတိုင်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ထိုမင်းကို သင်တို့လက်၌အပ်ခြင်းငှါ၊ ခက်ထန်သော စိတ်သဘော၊ ခိုင်မာသောနှလုံးကို သူ၌ပေးသွင်းတော်မူ၏။
31 ထာဝရဘုရားကလည်း၊ ရှိဟုန်မင်းနှင့် သူ၏မြေကို သင့်အားငါပေးစပြု၏။ ထိုမြေကိုအမွေခံအံ့သောငှါ၊ သိမ်းစပြုလော့ဟု ငါ့အားမိန့်တော်မူ၏။
32 ထိုအခါ ရှိဟုန်မင်းသည် သူ၏လူအပေါင်းတို့နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှါ ထွက်လာ၏။