9 သူ၏မရီးသည် အသက်ကြီးသူတို့ရှေ့မှာ သူ့အပါးသို့ ချဉ်း၍ သူ၏ခြေနင်းကို ချွတ်လျက်၊ သူ၏မျက်နှာ၌ တံထွေးထွေးလျက်၊ မိမိအစ်ကို အိမ်ကို မဆောက်လိုသောသူ၌ ဤသို့ ပြုသင့်သည်ဟု သူ့အားပြန်ပြောရမည်။
10 နောက်မှ၊ ထိုသူကို ခြေနင်းချွတ်ရသောအမျိုးဟူ၍ ဣသရေလအမျိုး၌ ခေါ်ဝေါ်သမုတ်ရမည်။
11 လူချင်းခိုက်ရန်ပြုကြစဉ်တွင်၊ တယောက်သော သူ၏မယားသည် အပါးသို့ချဉ်း၍ မိမိလင်ကို ကူညီလိုသောငှာ ခိုက်ရန်ပြုသော သူ၏ ယောက်ျားတန်ဆာကို ကိုင်ဆွဲမိလျှင်၊
12 ထိုမိန်းမလက်ကို ဖြတ်ရမည်။ သင်၏ မျက်စိသည် သူ့ကို မသနားရ။
13 သင့်အိတ်၌ ကြီးသောအလေး၊ ငယ်သောအလေးတည်းဟူသော ခြားနားသော အလေးကို မရှိစေရ။
14 သင့်အိမ်၌ ခြားနားသောခြင်စရာတန်ဆာ အကြီးအငယ်ကို မရှိစေရ။
15 သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်၌ သင်၏အသက် တာရှည်မည်အကြောင်း၊ မှန်ကန်သောအလေး၊ မှန်ကန်သောခြင်စရာ၊ တန်ဆာ များကိုသာ သုံးရမည်။