1 တဖန်ထာဝရဘုရားသည်၊ မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊
2 လူသည် ကိုယ်အရေ၌အဖူးဖြစ်စေ၊ ယားနာဖြစ်စေ၊ နူကွက်ဖြစ်စေ၊ နူသောလက္ခဏာပေါ်လျှင်၊ ထိုသူကိုယဇ်ပုရောဟိတ်အာရုန်ထံသို့ ဖြစ်စေ၊ သူ၏သား ယဇ်ပုရောဟိတ်တစုံတယောက်ထံသို့ဖြစ်စေ ခေါ်ခဲ့ရမည်။
3 ယဇ်ပုရောဟိတ်သည်၊ ထိုသူ၏အရေ၌ပေါ်သော အနာကိုကြည့်ရှုသောအခါ၊ အနာ၌ရှိသော အမွေးသည်ဖြူလျှင်၎င်း၊ အနာသည် အရေအောက်၌ စွဲဟန်ရှိလျှင်၎င်း နူနာမှန်၏။ ယဇ်ပုရောဟိတ်သည် ထိုသူကိုကြည့်ရှုပြီးမှ၊ မစင်ကြယ်ဟုစီရင်ရမည်။
4 ကိုယ်အရေ၌ရှိသော နူကွက်သည်ဖြူလျှင်၎င်း၊ အရေအောက်၌ စွဲဟန်မရှိ၊ အမွေးမဖြူလျှင်၎င်း၊ ယဇ်ပုရောဟိတ်သည်၊ အနာရှိသောသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
5 သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ အနာသည် အရေ၌ မတိုးမလျော့နေလျှင်၊ တဖန်ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
6 တဖန် သတ္တမနေ့၌ကြည့်ရှု၍ အနာသည် အရေ၌မတိုးပွား၊ ခပ်မည်းမည်းဖြစ်လျှင်၊ ထိုသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ ယားနာသက်သက်ဖြစ်၏။ မိမိအဝတ်ကိုလျှော်၍ စင်ကြယ်ရ၏။
7 စင်ကြယ်စေခြင်းငှါ ယဇ်ပုရောဟိတ်သည်ကြည့်ရှုပြီးမှ၊ နောက်တဖန် ယားနာတိုးပွားပြန်လျှင်၊ ယဇ်ပုရောဟိတ်ကြည့်ရှုပြန်၍၊