ဝတ်​ပြု 13:34-40 BJB

34 သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ အရေ၌အနာမတိုးပွါး၊ အရေအောက်၌မစွဲလျှင်၊ ထိုသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ မိမိအဝတ်ကိုလျှော်၍ စင်ကြယ်ရ၏။

35 စင်ကြယ်စေပြီးမှ၊ နောက်တဖန်ဗောက်နူနာတိုးပွါးလျှင်၊

36 ယဇ်ပုရောဟိတ်သည်ကြည့်ရှုပြန်၍ အနာတိုးပွါးသည်မှန်လျှင်၊ ယဇ်ပုရောဟိတ်သည် ဝါသောအမွေးကို မရှာရ။ ထိုသူသည်မစင်ကြယ်။

37 သို့မဟုတ် ဗောက်နူနာသည်ရပ်နေဟန်ရှိ၍ နက်သောအမွေးပေါက်လျှင်၊ အနာပျောက်၍ ထိုသူသည်စင်ကြယ်သောကြောင့်၊ ယဇ်ပုရောဟိတ်က ထိုသူသည် စင်ကြယ်၏ဟုစီရင်ရမည်။

38 ယောက်ျားမိန်းမသည်လည်း၊ ကိုယ်အရေ၌ဖြူသောနူကွက်ရှိ၍၊

39 ယဇ်ပုရောဟိတ်သည်ကြည့်ရှုသောအခါ မွဲသောအဆင်းရှိလျှင်၊ အရေ၌ပေါက်သောညှင်းဖြစ်၏။ ထိုသူသည် စင်ကြယ်၏။

40 ဆံပင်ကျွတ်သောသူသည်၊ ခေါင်းပြောင်သော်လည်းစင်ကြယ်၏။