ဝတ်​ပြု 15:11-17 BJB

11 ရိနာစွဲသောသူသည်၊ လက်မဆေးဘဲသူတပါးကိုလက်နှင့်ထိလျှင်၊ ထိုသူသည် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။

12 ရိနာစွဲသောသူထိသော မြေတန်ဆာကိုခွဲရမည်။ သစ်သားတန်ဆာကို ရေနှင့်ဆေးရမည်။

13 ရိနာစွဲသောသူသည်အနာပျောက်သောအခါ၊ ပျောက်သောနေ့ကစ၍၊ ခုနစ်ရက်လွန်မှ မိမိအဝတ်ကိုလျှော်၍၊ စီးသောရေနှင့် ကိုယ်ကိုချိုးသဖြင့် စင်ကြယ်ရ၏။

14 အဋ္ဌမနေ့၌လည်း၊ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကို ထာဝရဘုရားရှေ့တော်၌ ပရိသတ်စည်းဝေးရာတံခါးနားသို့ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အားပေးရမည်။

15 ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကိုပူဇော်၍၊ ရိနာစွဲသောသူအဘို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကိုပြုရမည်။

16 ယောက်ျားသည်သုတ်ရည်ထွက်လျှင် တကိုယ်လုံးရေချိုးရမည်။ ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။

17 သုတ်ရည်ထိသောအဝတ်၊ သားရေရှိသမျှတို့ကိုရေနှင့်လျှော်ရမည်။