ဝတ်​ပြု 15:26-32 BJB

26 အနာမပျောက်မှီတိုင်အောင် သူ၏အိပ်ရာသည် ဥတုမစင်ကြယ်ရာ အိပ်ရာကဲ့သို့၎င်း၊ ထိုင်ရာသည်၎င်း မစင်ကြယ်ဖြစ်၏။

27 ထိုအရာတို့ကိုထိသောသူသည်လည်း မစင်ကြယ်သောကြောင့်၊ မိမိအဝတ်ကို လျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။

28 ထိုမိန်းမသည်သွေးယိုနာပျောက်၍ ခုနစ်ရက်လွန်လျှင် စင်ကြယ်လိမ့်မည်။

29 အဋ္ဌမနေ့၌ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေးရာတဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့ရမည်။

30 ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကိုပူဇော်၍၊ ဥတုမစင်ကြယ်သောမိန်းမအဘို့ ထာဝရဘုရား ရှေ့တော်၌ အပြစ်ဖြေခြင်းကိုပြုရမည်။

31 ထိုသို့ ဣသရေလအမျိုးသားတို့သည် မိမိတို့တွင်ရှိသော ငါ့တဲတော်ကို ညစ်ညူးစေ၍၊ မိမိတို့မစင်ကြယ်ရာ၌ မသေစေခြင်းငှါ၊ သူတို့ကိုမစင်ကြယ်ခြင်းနှင့် ကင်းစင်စေရမည်။

32 ဤရွေ့ကား၊ ရိနာစွဲသောသူ၊