ဝတ်​ပြု 16:1-5 BJB

1 အာရုန်၏သားနှစ်ယောက်တို့သည်၊ ထာဝရဘုရားရှေ့တော်၌ပူဇော်၍ သေသောနောက်၊ ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

2 သင်၏အစ်ကိုအာရုန်သည် သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ သန့်ရှင်းရာဌာနတော်အထဲ၊ သေတ္တာအပေါ်မှာတင်သောအဖုံးကို ကွယ်ကာသော ကုလားကာအတွင်းသို့ အခါခပ်သိမ်းမဝင်စေခြင်းငှါ ဆင့်ဆိုလော့။ ငါသည် သေတ္တာအဖုံးအပေါ်၊ မိုဃ်းတိမ်၌ထင်ရှားမည်။

3 အာရုန်သည် သန့်ရှင်းရာဌာနတော်အထဲသို့ အဘယ်သို့ဝင်ရမည်နည်းဟူမူကား၊ အပြစ်ဖြေရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ မီးရှို့ရာယဇ်ဘို့ သိုးထီးတကောင်ပါရမည်။

4 သန့်ရှင်းသောပိတ်ချောအင်္ကျီ၊ ပိတ်ချောပေါင်းဘီကိုဝတ်၍၊ ပိတ်ချောခါးပန်းကို စည်းရမည်။ ပိတ်ချောဗောင်းကိုလည်း ဆောင်းရမည်။ ထိုအဝတ်တန်ဆာတို့သည် သန့်ရှင်းသောကြောင့်၊ ကိုယ်ကိုရေချိုးပြီးမှ ဝတ်ဆင်ရမည်။

5 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်နှစ်ကောင်၊ မီးရှို့ရာယဇ်ဘို့ သိုးတကောင်ကို၊ ဣသရေလအမျိုးသားပရိသတ်လက်မှ ခံယူရမည်။