ဝတ်​ပြု 16:5-11 BJB

5 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်နှစ်ကောင်၊ မီးရှို့ရာယဇ်ဘို့ သိုးတကောင်ကို၊ ဣသရေလအမျိုးသားပရိသတ်လက်မှ ခံယူရမည်။

6 အာရုန်သည် မိမိနှင့်ဆိုင်သော မိမိအပြစ်ဖြေရာယဇ်နွားကိုပူဇော်၍၊ မိမိအဘို့နှင့် မိမိအိမ်သူများအဘို့ အပြစ်ဖြေခြင်းကိုပြုရမည်။

7 ဆိတ်နှစ်ကောင်ကိုလည်းယူ၍ ပရိသတ်စည်းဝေးရာတဲတော်တံခါးနား၊ ထာဝရဘုရားရှေ့တော်၌ ဆက်ရမည်။

8 အာရုန်သည်ထိုဆိတ်နှစ်ကောင်ကို ထာဝရဘုရားအဘို့စာရေးတံတတံ၊ လွတ်လပ်လဟာအဘို့တတံ၊ စာရေးတံနှစ်တံချ၍၊

9 ထာဝရဘုရားအဘို့ စာရေးတံကျသောဆိတ်ကိုဆောင်ခဲ့၍ အပြစ်ဖြေရာယဇ်ဘို့ ပူဇော်ရမည်။

10 လွတ်လပ်လဟာအဘို့ စာရေးတံကျသောဆိတ်ကို၊ အသက်ရှင်လျက် ထာဝရဘုရားရှေ့တော်၌ဆက်၍၊ သူ့အပေါ်မှာ အပြစ်ဖြေခြင်းကိုပြုပြီးလျှင်၊ တော၌ လွတ်လပ်လဟာသို့ လွှတ်လိုက်ရမည်။

11 အာရုန်သည် မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကိုဆောင်ခဲ့ပြီးလျှင်၊ မိမိအဘို့နှင့် မိမိအိမ်သူအိမ်သားများအဘို့ အပြစ်ဖြေခြင်းကိုပြု၍၊ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို သတ်ရမည်။