13 ယဇ်ပုရောဟိတ်မင်းသည်၊ အပျိုကညာနှင့်သာစုံဘက်ရမည်။
14 မုတ်ဆိုးမ၊ လင်နှင့်ကွာသောမိန်းမ၊ သီလပျက်သောမိန်းမ၊ ပြည်တန်ဆာမိန်းမနှင့် မစုံဘက်ရ။ မိမိအမျိုးသားချင်း အပျိုကညာနှင့်သာ စုံဘက်ရမည်။
15 မိမိသားကို၊ အမျိုးသားချင်းတို့တွင်မရှုတ်မချရ။ ငါထာဝရဘုရားသည်၊ ယဇ်ပုရောဟိတ်မင်းကို သန့်ရှင်းစေသည်ဟုမိန့်တော်မူ၏။
16 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်အားဆင့်ဆိုရမည်မှာ၊
17 သင်၏အမျိုးအစဉ်အဆက်တွင် ကိုယ်၌အပြစ်ရှိသောသူသည်၊ မိမိဘုရားသခင်၏ပွဲတော်ကို ဆက်ကပ်အံ့သောငှါမချဉ်းမကပ်ရ။
18 မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ နှာခေါင်းပိသောသူ၊ အင်္ဂါပိုလွန်သောသူ၊
19 လက်ကျိုးသောသူ၊ ခြေကျိုးသောသူ၊