ဝတ်​ပြု 22:3-9 BJB

3 ထာဝရဘုရားအဘို့ ဣသရေလအမျိုးသားသန့်ရှင်းစေသဖြင့်၊ သန့်ရှင်းခြင်းရှိသောအရာတို့ကို၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ်အမျိုးသားမည်သည်ကား၊ ငါ့ထံမှ ပယ်ရှင်းခြင်းကိုခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။

4 နူနာ၊ ရိနာစွဲသော အာရုန်၏အမျိုးသားမည်သည်ကား၊ မစင်ကြယ်မှီတိုင်အောင် သန့်ရှင်းသောအရာကိုမစားရ။ အသေကောင်နှင့်ဆိုင်၍ မသန့်ရှင်းသောအရာကို ထိသောသူ၊ သုတ်ရည်ထွက်သောသူ၊

5 ညစ်ညူးစေ၍ တွားတတ်သောတိရစ္ဆာန်ကိုထိသောသူ၊ ညစ်ညူးခြင်းတစုံတခုစွဲ၍ ညစ်ညူးသောသူ၊ ထိုသို့သောသူကို ထိသမျှသောသူတို့သည်၊

6 ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ကိုယ်ကိုရေမချိုးဘဲနေလျှင်၊ သန့်ရှင်းသောအရာကိုမစားရ။

7 နေဝင်သောနောက်မှ သန့်ရှင်းခြင်းသို့ရောက်သည်ဖြစ်၍၊ သန့်ရှင်းသောအရာသည် သူတို့စားစရာဖြစ်သောကြောင့်၊ ထိုနောက်မှစားရကြမည်။

8 အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူးစေ၍ မစားရ။ ငါသည်ထာဝရဘုရားဖြစ်၏။

9 ယဇ်ပုရောဟိတ်တို့သည် ငါ့ပညတ်တော်ကိုဖျက်သဖြင့်၊ ကိုယ်အပြစ်ကိုခံလျက် မသေရမည်အကြောင်း ငါ့ပညတ်တရားကိုစောက်ရှောက်ရကြမည်။ ငါထာဝရဘုရားသည် သူတို့ကိုသန့်ရှင်းစေ၏။