ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 3:12-18 MSB

12 ငါ့​ညီ​အစ်​ကို​တို့၊ သ​ဖန်း​ပင်​သည် သံ​လွင်​သီး​များ​ကို သီး​နိုင်​သ​လော။ စ​ပျစ်​ပင်​သည် သ​ဖန်း​သီး​များ​ကို သီး​နိုင်​သ​လော။ ထို့​အ​တူ ရေ​ငန်​တွင်း​သည်​လည်း ရေ​ချို​ကို မ​ထွက်​ပေါ်​စေ​နိုင်​ပေ။

13 သင်​တို့​တွင် မည်​သူ​သည် ပ​ညာ​ရှိ​ဖြစ်​ပြီး တတ်​သိ​လိမ္မာ​သူ​ဖြစ်​သ​နည်း။ ထို​သူ​သည် ဉာဏ်​ပ​ညာ​၏​နူး​ညံ့​သိမ်​မွေ့​ခြင်း​၌​တည်​သော မိ​မိ​၏​လုပ်​ဆောင်​မှု​တို့​ကို ကောင်း​သော​အ​သက်​ရှင်​နေ​ထိုင်​မှု​အား​ဖြင့် သက်​သေ​ပြ​ပါ​စေ။

14 သို့​သော် သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ ခါး​သီး​သော​မ​နာ​လို​ခြင်း​နှင့် တစ်​ကိုယ်​ကောင်း​ဆန်​ခြင်း​များ​ရှိ​လျှင် သမ္မာ​တ​ရား​ကို​ဆန့်​ကျင်​၍ ဝါ​ကြွား​ခြင်း၊ လိမ်​ညာ​ခြင်း​တို့​ကို​မ​ပြု​ကြ​နှင့်။

15 ထို​သို့​သော​ဉာဏ်​ပ​ညာ​သည် အ​ထက်​အ​ရပ်​မှ​လာ​သည်​မ​ဟုတ်​ဘဲ လော​က​နှင့်​လည်း​ကောင်း၊ ဇာ​တိ​နှင့်​လည်း​ကောင်း၊ နတ်​ဆိုး​တို့​နှင့်​လည်း​ကောင်း စပ်​ဆိုင်​၏။

16 အ​ကြောင်း​မူ​ကား မ​နာ​လို​ခြင်း​နှင့်​တစ်​ကိုယ်​ကောင်း​ဆန်​ခြင်း​ရှိ​သော​နေ​ရာ​တွင် ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​နှင့် ဆိုး​ညစ်​သော​အ​မှု​အ​မျိုး​မျိုး​တို့​ရှိ​တတ်​၏။

17 သို့​သော် အ​ထက်​အ​ရပ်​မှ​လာ​သော​ဉာဏ်​ပ​ညာ​သည် ပ​ထ​မ​ဦး​စွာ သန့်​ရှင်း​စင်​ကြယ်​၏။ ထို့​နောက် ငြိမ်း​ချမ်း​သော​သ​ဘော၊ ညင်​သာ​သော​သ​ဘော​နှင့် ပျော့​ပျောင်း​သော​သ​ဘော​ရှိ​၍ က​ရု​ဏာ​နှင့်​ကောင်း​မြတ်​သော​အ​သီး​အ​ပွင့်​တို့​ဖြင့်​ပြည့်​စုံ​ကာ မျက်​နှာ​လိုက်​ခြင်း၊ ဟန်​ဆောင်​ခြင်း​တို့​နှင့် ကင်း​စင်​၏။

18 ငြိမ်း​ချမ်း​မှု​ကို​ဖြစ်​စေ​သော​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​အ​သီး​၏​မျိုး​စေ့​ကို ငြိမ်း​ချမ်း​စွာ​ကြဲ​တတ်​ကြ​၏။