ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 3:9-15 MSB

9 ငါ​တို့​သည် လျှာ​ဖြင့် ခ​မည်း​တော်​ဖြစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက် ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ​ဖန်​ဆင်း​ခံ​ရ​သော​လူ​တို့​ကို ထို​လျှာ​ဖြင့်​ပင် ကျိန်​ဆဲ​တတ်​ကြ​၏။

10 နှုတ်​တစ်​ခု​ထဲ​မှ ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​နှင့်​ကျိန်​ဆဲ​ခြင်း​တို့ ထွက်​လာ​တတ်​သည်​တ​ကား။ ငါ့​ညီ​အစ်​ကို​တို့၊ ဤ​သို့​မ​ဖြစ်​သင့်​ပေ။

11 စမ်း​ရေ​ပေါက်​တစ်​ခု​ထဲ​မှ ရေ​ချို​နှင့်​ရေ​ခါး ထွက်​လေ့​ရှိ​သ​လော။

12 ငါ့​ညီ​အစ်​ကို​တို့၊ သ​ဖန်း​ပင်​သည် သံ​လွင်​သီး​များ​ကို သီး​နိုင်​သ​လော။ စ​ပျစ်​ပင်​သည် သ​ဖန်း​သီး​များ​ကို သီး​နိုင်​သ​လော။ ထို့​အ​တူ ရေ​ငန်​တွင်း​သည်​လည်း ရေ​ချို​ကို မ​ထွက်​ပေါ်​စေ​နိုင်​ပေ။

13 သင်​တို့​တွင် မည်​သူ​သည် ပ​ညာ​ရှိ​ဖြစ်​ပြီး တတ်​သိ​လိမ္မာ​သူ​ဖြစ်​သ​နည်း။ ထို​သူ​သည် ဉာဏ်​ပ​ညာ​၏​နူး​ညံ့​သိမ်​မွေ့​ခြင်း​၌​တည်​သော မိ​မိ​၏​လုပ်​ဆောင်​မှု​တို့​ကို ကောင်း​သော​အ​သက်​ရှင်​နေ​ထိုင်​မှု​အား​ဖြင့် သက်​သေ​ပြ​ပါ​စေ။

14 သို့​သော် သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ ခါး​သီး​သော​မ​နာ​လို​ခြင်း​နှင့် တစ်​ကိုယ်​ကောင်း​ဆန်​ခြင်း​များ​ရှိ​လျှင် သမ္မာ​တ​ရား​ကို​ဆန့်​ကျင်​၍ ဝါ​ကြွား​ခြင်း၊ လိမ်​ညာ​ခြင်း​တို့​ကို​မ​ပြု​ကြ​နှင့်။

15 ထို​သို့​သော​ဉာဏ်​ပ​ညာ​သည် အ​ထက်​အ​ရပ်​မှ​လာ​သည်​မ​ဟုတ်​ဘဲ လော​က​နှင့်​လည်း​ကောင်း၊ ဇာ​တိ​နှင့်​လည်း​ကောင်း၊ နတ်​ဆိုး​တို့​နှင့်​လည်း​ကောင်း စပ်​ဆိုင်​၏။