17 ဧလိယသည် ငါတို့နည်းတူ သာမန်လူသားတစ်ဦးဖြစ်သော်လည်း မိုးမရွာမည့်အကြောင်း ထက်သန်စွာဆုတောင်းသောအခါ သုံးနှစ်နှင့်ခြောက်လတိုင်တိုင် မြေပေါ်၌မိုးမရွာဘဲနေ၏။
18 ထို့နောက် သူသည် နောက်တစ်ဖန် ဆုတောင်းသောအခါ ကောင်းကင်မှမိုးရွာသွန်း၍ မြေသည် အသီးအနှံများကိုဖြစ်ထွန်းစေ၏။
19 ငါ့ညီအစ်ကိုတို့၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် သမ္မာတရားလမ်းမှလွဲသွား၍ တစ်စုံတစ်ဦးက သူ့ကို ပြန်လည်ခေါ်ဆောင်လာလျှင်
20 အပြစ်သားကို သူ၏မှားယွင်းသောလမ်းမှ ပြန်လည်ခေါ်ဆောင်လာသောထိုသူသည် လမ်းလွဲခဲ့သူ၏စိတ်ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသောအပြစ်တို့ကိုဖုံးအုပ်ပေးမည်ဖြစ်ကြောင်း သိမှတ်ပါစေ။