ဧ​ဖက်​ဩ​ဝါ​ဒ​စာ 2:6-12 MSB

6 ထို့​နောက် ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို ကိုယ်​တော်​နှင့်​အ​တူ​ထ​မြောက်​စေ​၍ အ​ထက်​ကောင်း​ကင်​အ​ရပ်​၌ ကိုယ်​တော်​နှင့်​အ​တူ​ထိုင်​စေ​တော်​မူ​၏။

7 ဤ​သည်​ကား ခ​ရစ်​တော်​ယေ​ရှု​၌ ငါ​တို့​အား​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​အား​ဖြင့် မိ​မိ​၏​ထူး​ကဲ​သော​ကျေး​ဇူး​တော်​၏​ကြွယ်​ဝ​မှု​ကို နောင်​လာ​မည့်​ကာ​လ​အ​စဉ်​အ​ဆက်​တို့​၌ ပြ​သ​ရန်​အ​တွက်​ဖြစ်​၏။

8 အ​ကြောင်း​မူ​ကား သင်​တို့​သည် ကျေး​ဇူး​တော်​ကြောင့် ယုံ​ကြည်​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ခံ​ရ​ကြ​၏။ ၎င်း​သည် သင်​တို့​ကိုယ်​တိုင်​ကြောင့်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​လက်​ဆောင်​ဖြစ်​၏။

9 မိ​မိ​ပြု​သော​အ​မှု​များ​ကြောင့်​မ​ဟုတ်။ သို့​ဖြစ်​၍ မည်​သူ​မျှ ဝါ​ကြွား​စ​ရာ​အ​ကြောင်း​မ​ရှိ။

10 အ​ကြောင်း​မူ​ကား ငါ​တို့​သည် ကောင်း​သော​အ​မှု​များ​ကို​ပြု​ရန် ခ​ရစ်​တော်​ယေ​ရှု​၌​ဖန်​ဆင်း​ခြင်း​ခံ​ရ​သော ဘု​ရား​သ​ခင်​၏​လက်​ရာ​တော်​ဖြစ်​ကြ​၏။ ထို​ကောင်း​သော​အ​မှု​များ​၌ ငါ​တို့​အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​ရန် ဘု​ရား​သ​ခင်​သည် ထို​အ​မှု​များ​ကို ကြို​တင်​ပြင်​ဆင်​ထား​တော်​မူ​၏။

11 ထို့​ကြောင့် တစ်​ချိန်​က သင်​တို့​သည် ဇာ​တိ​အား​ဖြင့် လူ​မျိုး​ခြား​များ​ဖြစ်​ကြ​ပြီး ကိုယ်​ကာ​ယ​၌ လက်​ဖြင့်​အ​ရေ​ဖျား​လှီး​ထား​သော​သူ​တို့​က သင်​တို့​ကို အ​ရေ​ဖျား​မ​လှီး​သော​သူ​ဟု ခေါ်​ဝေါ်​ခဲ့​ကြ​သည်​ကို သ​တိ​ရ​ကြ​လော့။

12 ထို​အ​ချိန်​က သင်​တို့​သည် ခ​ရစ်​တော်​နှင့်​ကင်း​ကွာ​၍ အစ္စ​ရေး​အ​မျိုး​သား​စာ​ရင်း​မ​ဝင်၊ က​တိ​တော်​နှင့်​ဆိုင်​သော​ပ​ဋိ​ညာဉ်​များ​နှင့်​မ​သက်​ဆိုင်၊ ဤ​လော​က​၌​မျှော်​လင့်​ခြင်း​မ​ရှိ၊ ဘု​ရား​မဲ့​လျက်​နေ​ခဲ့​ကြ​၏။