ဧ​ဖက်​ဩ​ဝါ​ဒ​စာ 3 MSB

လူ​မျိုး​ခြား​တို့​အ​တွက် ပေါ​လု​၏​အ​မှု​တော်​လုပ်​ငန်း

1 ထို​အ​ကြောင်း​ကြောင့် ငါ​ပေါ​လု​သည် သင်​တို့​လူ​မျိုး​ခြား​များ​အ​တွက် ခ​ရစ်​တော်​ယေ​ရှု​နှင့်​ဆိုင်​သော​အ​ကျဉ်း​သား​ဖြစ်​၏။

2 သင်​တို့​အ​တွက် ငါ့​အား​ပေး​အပ်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​နှင့်​ဆိုင်​သည့် စီ​မံ​ခန့်​ခွဲ​မှု​ကို သင်​တို့​ကြား​သိ​ကြ​သည်​ဟု ငါ​ယူ​ဆ​၏။

3 အ​ထက်​က အ​ကျဉ်း​မျှ ငါ​ရေး​ထား​သည့်​အ​တိုင်း ဤ​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို ဗျာ​ဒိတ်​တော်​အား​ဖြင့် ငါ့​အား​သိ​စေ​တော်​မူ​၏။

4 ၎င်း​ကို​ဖတ်​လျှင် ခ​ရစ်​တော်​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​အား ငါ​မည်​သို့​တတ်​သိ​နား​လည်​ထား​သည်​ကို သင်​တို့​သိ​နိုင်​ကြ​၏။

5 ဘု​ရား​သ​ခင်​သည် ထို​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို မိ​မိ​၏​သန့်​ရှင်း​သော​တ​မန်​တော်​များ​နှင့်​ပ​ရော​ဖက်​များ​အား ဝိ​ညာဉ်​တော်​အား​ဖြင့် ယ​ခု​ဖွင့်​ပြ​တော်​မူ​သ​ကဲ့​သို့ အ​ခြား​သော​ခေတ်​ကာ​လ​များ​၌ လူ​သား​တို့​အား သိ​စေ​တော်​မ​မူ​ခဲ့​ပေ။

6 ထို​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​မှာ လူ​မျိုး​ခြား​တို့​သည် ကောင်း​မြတ်​သော​သ​တင်း​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​၌ အ​တူ​တ​ကွ​အ​မွေ​ဆက်​ခံ​သူ​များ၊ တစ်​ခု​တည်း​သော​ကိုယ်​ခန္ဓာ​၏​အင်္ဂါ​များ​နှင့် က​တိ​တော်​ကို အ​တူ​တ​ကွ​ခံ​စား​ရ​သူ​များ​ဖြစ်​ကြ​ခြင်း​တို့​ဖြစ်​၏။

7 ဘု​ရား​သ​ခင်​သည် မိ​မိ​တန်​ခိုး​တော်​၏​လုပ်​ဆောင်​မှု​အား​ဖြင့် ငါ့​အား​ပေး​အပ်​ထား​သော ကျေး​ဇူး​တော်​ဆိုင်​ရာ ကောင်း​ချီး​လက်​ဆောင်​နှင့်​အ​ညီ ငါ​သည် ထို​ကောင်း​မြတ်​သော​သ​တင်း​နှင့်​ဆိုင်​သော အ​မှု​တော်​ဆောင်​ဖြစ်​လာ​၏။

8 သန့်​ရှင်း​သူ​အား​လုံး​တို့​တွင် အ​ငယ်​ဆုံး​သော​သူ​ထက် သာ​၍​ငယ်​သော​ငါ့​အား ဤ​ကျေး​ဇူး​တော်​ကို​ပေး​အပ်​တော်​မူ​ခြင်း​မှာ ချင့်​မျှော်​တွေး​ဆ​၍​မ​ရ​နိုင်​သော ခ​ရစ်​တော်​၏​ကြွယ်​ဝ​မှု​ကို လူ​မျိုး​ခြား​တို့​အား​ဟော​ပြော​စေ​ရန်​နှင့်

9 အ​ရာ​ခပ်​သိမ်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​၌ ရှေး​ကာ​လ​များ​မှ​စ​၍ ဝှက်​ထား​ခြင်း​ခံ​ရ​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​နှင့်​ဆိုင်​သော စီ​မံ​ခန့်​ခွဲ​မှု​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​တွင် သိ​သာ​ထင်​ရှား​စေ​ရန်​ဖြစ်​၏။

10-11 ဤ​သည်​ကား ငါ​တို့​၏​သ​ခင်​ခ​ရစ်​တော်​ယေ​ရှု​၌ ပြီး​ပြည့်​စုံ​သော​ထာ​ဝ​ရ​အ​ကြံ​အ​စည်​တော်​နှင့်​အ​ညီ အ​ထက်​ကောင်း​ကင်​အ​ရပ်​၌​ရှိ​သော အာ​ဏာ​စက်​များ​နှင့်​အုပ်​ချုပ်​မှု​များ​အား ယ​ခု​အ​ခါ​တွင် အ​သင်း​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​၏​အ​မျိုး​မျိုး​အ​ဖုံ​ဖုံ​သော​ဉာဏ်​ပ​ညာ​တော်​ကို သိ​စေ​ရန်​ဖြစ်​၏။

12 ထို​သ​ခင်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ရဲ​ရင့်​ခြင်း​ကို​လည်း​ကောင်း၊ ယုံ​ကြည်​စိတ်​ချ​စွာ​ဖြင့် အ​ထံ​တော်​သို့​တိုး​ဝင်​ခွင့်​ကို​လည်း​ကောင်း ကိုယ်​တော်​၌ ငါ​တို့​ရ​ရှိ​ကြ​၏။

13 သို့​ဖြစ်​၍ သင်​တို့​အ​တွက် ငါ​ခံ​ရ​သော​ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ​ကြ​ရန် ငါ​တောင်း​ပန်​၏။ ထို​အ​ရာ​များ​သည် သင်​တို့​၏​ဂုဏ်​သ​ရေ​ဖြစ်​၏။

14-15 ဤ​အ​ကြောင်း​ကြောင့် ငါ​သည် ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း ရှိ​သ​မျှ​သော​မိ​သား​စု​တို့​အ​မည်​နာ​မ​ခံ​ယူ​ရ​ရှိ​ရာ​ဖြစ်​တော်​မူ​သော အ​ဖ​ခ​မည်း​တော်​ထံ ဒူး​ထောက်​လျက်

16 ဘု​ရား​သ​ခင်​သည် မိ​မိ​ဘုန်း​အ​သ​ရေ​တော်​၏​ကြွယ်​ဝ​မှု​နှင့်​အ​ညီ မိ​မိ​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် သင်​တို့​၏​အ​တွင်း​ဝိ​ညာဉ်​လူ​ကို တန်​ခိုး​နှင့်​တ​ကွ ကြံ့​ခိုင်​သန်​စွမ်း​စေ​တော်​မူ​၍

17 ယုံ​ကြည်​ခြင်း​အား​ဖြင့် သင်​တို့​စိတ်​နှ​လုံး​ထဲ​၌ ခ​ရစ်​တော်​သည် ကိန်း​ဝပ်​တော်​မူ​မည့်​အ​ကြောင်း​နှင့် သင်​တို့​သည် မေတ္တာ​တော်​၌ အ​မြစ်​တွယ်​၍​အုတ်​မြစ်​ချ​ထား​ကာ

18 ထို​မေတ္တာ​တော်​၏​အ​လျား၊ အ​နံ၊ အ​မြင့်၊ အ​နက်​တို့ မည်​မျှ​ရှိ​သည်​ကို သန့်​ရှင်း​သူ​အား​လုံး​နှင့်​အ​တူ သ​ဘော​ပေါက်​နိုင်​စွမ်း​ရှိ​သ​ဖြင့်

19 အ​သိ​ပ​ညာ​ထက် ထူး​ကဲ​သော​ခ​ရစ်​တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​ကို​သိ​ရှိ​၍ ဘု​ရား​သ​ခင်​၏​ပြည့်​စုံ​တော်​မူ​ခြင်း​အ​ပေါင်း​တို့​ဖြင့် ပြည့်​စုံ​ခြင်း​သို့​ရောက်​ကြ​မည့်​အ​ကြောင်း ငါ​ဆု​တောင်း​၏။

20 ငါ​တို့​ထဲ​၌ သက်​ဝင်​လှုပ်​ရှား​နေ​သော​တန်​ခိုး​တော်​အား​ဖြင့် ငါ​တို့​တောင်း​လျှောက်​သော​အ​ရာ သို့​မ​ဟုတ် ဆင်​ခြင်​သော​အ​ရာ​အား​လုံး​တို့​ထက် သာ​လွန်​ထူး​ခြား​စွာ​ပြု​နိုင်​သော​အ​ရှင်​၌

21 အ​သင်း​တော်​အား​ဖြင့်​လည်း​ကောင်း၊ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​လည်း​ကောင်း ခေတ်​ကာ​လ​အ​ဆက်​ဆက် ထာ​ဝ​စဉ်​ဘုန်း​အ​သ​ရေ​တော်​ရှိ​ပါ​စေ​သော။ အာ​မင်။

အခန်းကြီး

1 2 3 4 5 6