1 ထိုအကြောင်းကြောင့် ငါပေါလုသည် သင်တို့လူမျိုးခြားများအတွက် ခရစ်တော်ယေရှုနှင့်ဆိုင်သောအကျဉ်းသားဖြစ်၏။
2 သင်တို့အတွက် ငါ့အားပေးအပ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် စီမံခန့်ခွဲမှုကို သင်တို့ကြားသိကြသည်ဟု ငါယူဆ၏။
3 အထက်က အကျဉ်းမျှ ငါရေးထားသည့်အတိုင်း ဤလျှို့ဝှက်နက်နဲသောအရာကို ဗျာဒိတ်တော်အားဖြင့် ငါ့အားသိစေတော်မူ၏။
4 ၎င်းကိုဖတ်လျှင် ခရစ်တော်၏လျှို့ဝှက်နက်နဲသောအရာအား ငါမည်သို့တတ်သိနားလည်ထားသည်ကို သင်တို့သိနိုင်ကြ၏။