18 အမျိုးမျိုးသော ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် အချိန်ရှိသရွေ့ ဝိညာဉ်တော်၌ဆုတောင်းကြလော့။ ထိုသို့ပြုနိုင်ရန် နိုးနိုးကြားကြားရှိလျက် ဇွဲလုံ့လအပြည့်အဝဖြင့် သန့်ရှင်းသူအပေါင်းတို့အတွက် အသနားခံကြလော့။
19 ငါသည် နှုတ်ကိုဖွင့်သောအခါ ပြောရမည့်စကားကို ငါ့အားပေးတော်မူ၍ ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို ရဲရင့်စွာပြောပြနိုင်ရန် ငါ့အတွက်လည်း ဆုတောင်းပေးကြလော့။
20 ငါသည် ဤကောင်းမြတ်သောသတင်းအတွက် သံကြိုးဖြင့်ချည်နှောင်ထားခြင်းခံရသော သံတမန်ဖြစ်၏။ ဤသို့ချည်နှောင်ထားခြင်းခံရသော်လည်း ငါသည် ဟောပြောသင့်သည့်အတိုင်း ရဲရင့်စွာဟောပြောနိုင်ရန် ဆုတောင်းပေးကြလော့။
21 ငါ၌ဖြစ်နေသောအရာများနှင့် ငါပြုနေသည့်အမှုကို သင်တို့လည်းသိရှိနိုင်ရန် သခင်ဘုရား၌သစ္စာရှိသောအမှုတော်ဆောင်ဖြစ်သည့် ချစ်ရသောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ပြောပြလိမ့်မည်။
22 သူ့ကို သင်တို့ထံသို့ ငါစေလွှတ်ခြင်းမှာ ငါတို့နှင့်ပတ်သက်သောအရာများကို သင်တို့သိရှိနိုင်ရန်နှင့် သူသည် သင်တို့၏စိတ်နှလုံးကို အားပေးနိုင်ရန်ဖြစ်၏။
23 အဖဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်ထံမှ ငြိမ်သက်ခြင်း၊ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့သည် ညီအစ်ကိုတို့၌ တည်ရှိပါစေသော။
24 ငါတို့၏သခင်ယေရှုခရစ်တော်ကို မဖောက်ပြန်သောမေတ္တာဖြင့် ချစ်သောသူအပေါင်းတို့အပေါ်၌ ကျေးဇူးတော်သက်ရောက်ပါစေသော။