21 ငါ၌ဖြစ်နေသောအရာများနှင့် ငါပြုနေသည့်အမှုကို သင်တို့လည်းသိရှိနိုင်ရန် သခင်ဘုရား၌သစ္စာရှိသောအမှုတော်ဆောင်ဖြစ်သည့် ချစ်ရသောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ပြောပြလိမ့်မည်။
22 သူ့ကို သင်တို့ထံသို့ ငါစေလွှတ်ခြင်းမှာ ငါတို့နှင့်ပတ်သက်သောအရာများကို သင်တို့သိရှိနိုင်ရန်နှင့် သူသည် သင်တို့၏စိတ်နှလုံးကို အားပေးနိုင်ရန်ဖြစ်၏။
23 အဖဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်ထံမှ ငြိမ်သက်ခြင်း၊ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့သည် ညီအစ်ကိုတို့၌ တည်ရှိပါစေသော။
24 ငါတို့၏သခင်ယေရှုခရစ်တော်ကို မဖောက်ပြန်သောမေတ္တာဖြင့် ချစ်သောသူအပေါင်းတို့အပေါ်၌ ကျေးဇူးတော်သက်ရောက်ပါစေသော။