2-3 သင်၏မိခင်နှင့်ဖခင်တို့ကို ရိုသေလော့။ ဤသည်ကား “ထိုသို့ပြုလျှင် သင်သည် ကမ္ဘာမြေပေါ်၌ ကောင်းစားလျက် အသက်ရှည်ရလိမ့်မည်”ဟူသောကတိတော်ပါသည့် ပထမပညတ်ချက်ဖြစ်၏။
4 ဖခင်တို့၊ သင်တို့၏သားသမီးများကို မခံမရပ်နိုင်ဖြစ်အောင် မပြုကြနှင့်။ သခင်ဘုရား၏ဆုံးမပဲ့ပြင်ခြင်းနှင့်သတိပေးခြင်းတို့အတိုင်း သူတို့ကို ပြုစုပျိုးထောင်ကြလော့။
5 ကျွန်ဖြစ်သူတို့၊ ခရစ်တော်ကိုနာခံသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက် ရိုးသားသောစိတ်နှလုံးဖြင့် သင်တို့၏လောကီသခင်များကို နာခံကြလော့။
6 မျက်နှာလိုမျက်နှာရလုပ်သူများကဲ့သို့ မျက်မှောက်၌သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ ခရစ်တော်၏ကျွန်များကဲ့သို့ စိတ်နှလုံးပါလျက် ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ကာ
7 လူတို့ကိုမဟုတ်ဘဲ သခင်ဘုရားကိုအစေခံသကဲ့သို့ စေတနာစိတ်ဖြင့် အစေခံကြလော့။
8 ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကောင်းသောအမှုတစ်စုံတစ်ခုကိုပြုသောသူတိုင်းသည် သခင်ဘုရားထံမှ အကျိုးခံစားရမည်ဖြစ်ကြောင်း သိမှတ်ကြလော့။
9 သခင်တို့၊ သင်တို့သည်လည်း ကျွန်များအပေါ် ထိုနည်းတူပြုကြလော့။ သူတို့ကိုမခြိမ်းခြောက်ကြနှင့်။ သင်တို့နှင့်သူတို့၏သခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူ၍ ထိုသခင်သည် မျက်နှာလိုက်ခြင်းမရှိကြောင်း သိမှတ်ကြလော့။