ကမ္ဘာ​ဦး 10:17-23 BJB

17 ဟိဝိလူ၊ အာကိလူ၊ သိနိလူ၊

18 အာဝဒိလူ၊ ဇေမရိလူ၊ ဟာမသိလူတည်း။ ထိုနောက်ခါနာန် အမျိုးသားအသီးသီးတို့သည် နှံ့ပြားကြလေ၏။

19 ခါနာန်အမျိုးသားနေရာပြည်နယ်သည် ဇိဒုန်မြို့မှ ဂေရာမြို့၊ ဂါဇမြို့တိုင်အောင်၎င်း၊ တဖန်သောဒုံမြို့၊ ဂေါမာရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့ကိုလွန်၍ လာရှမြို့တိုင်အောင်၎င်း ရှိသတည်း။

20 ဤသူတို့သည် သီးခြားသောအမျိုးအနွယ်၊ သီးခြားသောဘာသာအလိုက်၊ အပြည်အပြည်အတိုင်းတိုင်း၌နေသော ဟာမသားများဖြစ်သတည်း။

21 ယာဖက်ညီ၊ ဟေဗြဲလူအပေါင်းတို့၏အဘ၊ ရှေမသည်လည်း သားများကိုမြင်လေ၏။

22 ရှေမသားကား၊ ဧလံ၊ အာရှရ၊ အာဖာဇဒ်၊ လုဒ၊ အာရံတည်း။

23 အာရံသားကား၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတည်း။