17 ဖာလက်ဘွားမြင်သောနောက်၊ ဟေဗာသည် အနှစ်လေးရာသုံးဆယ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
18 ဖာလက်သည် အသက်သုံးဆယ်ရှိသော်၊ သားရာဂေါကိုမြင်လေ၏။
19 ရာဂေါဘွားမြင်သောနောက်၊ ဖာလက်သည် အနှစ်နှစ်ရာကိုးနှစ်အသက်ရှင်၍၊ သားသမီးများကိုဘွားမြင်လေ၏။
20 ရာဂေါသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ သားစေရောက်ကိုမြင်လေ၏။
21 စေရောက်ဘွားမြင်သောနောက်၊ ရာဂေါသည် အနှစ်နှစ်ရာခုနစ်နှစ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
22 စေရောက်သည်အသက်သုံးဆယ်ရှိသော်၊ သားနာကိုခေါ်ကိုမြင်လေ၏။
23 နာခေါ်ဘွားမြင်သောနောက်၊ စေရောက်သည် အနှစ်နှစ်ရာအသက်ရှင်၍ သားသမီးများကိုမြင်လေ၏။