ကမ္ဘာ​ဦး 13:1-6 BJB

1 အာဗြံသမီးမောင်နှံတို့သည်လည်း၊ လောတနှင့်တကွ မိမိတို့၌ ရှိသမျှသော ဥစ္စာကိုယူ၍၊ အဲဂုတ္တုပြည်မှထွက်သွားသဖြင့်၊ ခါနာန်ပြည်တောင်ပိုင်းသို့ ရောက်ကြ၏။

2 ထိုအခါ အာဗြံသည်၊ သိုး၊ နွားစသည်တို့ကို၎င်း၊ ရွှေငွေကို၎င်းအလွန်ရတတ်၏။

3 တဖန်တောင်ပိုင်းမှခရီးသွား၍၊ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့စပ်ကြား၌၊ အထက်ကတဲကိုဆောက်၍၊

4 ယဇ်ပလ္လင်ကိုတည်ခဲ့ဘူးသောအရပ်သို့ ရောက်ပြန်လျှင်၊ ထိုအရပ်တွင် ထာဝရဘုရား၏နာမတော်ကို ပဌနာပြု၏။

5 အာဗြံနှင့်အတူလိုက်လာသော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်၊

6 ထိုလူနှစ်ဦးတို့သည် အတူနေခြင်းငှါ ထိုမြေမဆံ့နိုင်။ ဥစ္စာများလွန်း၍၊ သူတို့သည်တရပ်တည်းမနေနိုင်ကြ။