ကမ္ဘာ​ဦး 17:22-27 BJB

22 မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည်အာဗြဟံထံမှ တက်ကြွတော်မူ၏။

23 အာဗြဟံသည်လည်း၊ သားဣမေလမှစ၍၊ ကိုယ်အိမ်၌ဘွားသော သူအပေါင်း၊ ကိုယ်ငွေနှင့်ဝယ်သောသူအပေါင်းတည်းဟူသော၊ အာဗြဟံအိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့ကိုယူ၍၊ ဘုရားသခင်မိန့်တော်မူသည်အတိုင်း၊ တနေ့ခြင်းတွင် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။

24 အာဗြဟံသည် ကိုယ်တိုင်အရေဖျားလှီးမင်္ဂလာကိုခံသောအခါ၊ အသက်ကိုးဆယ်ကိုးနှစ်ရှိ၏။

25 သားဣရှမေလသည် အရေဖျားလှီးမင်္ဂလာကိုခံသောအခါ၊ အသက်တဆယ်သုံးနှစ်ရှိ၏။

26 တနေ့ခြင်းတွင် အာဗြဟံနှင့်သားဣရှမေလသည် အရေဖျားလှီးမင်္ဂလာကို ခံလေ၏။

27 သူ၏အိမ်၌ဘွားသောသူ တပါးအမျိုးသား၌ သူ၏ငွေနှင့်ဝယ်သောသူ၊ သူ၏အိမ်နှင့်ဆိုင်သောယောက်ျားအပေါင်းတို့သည်၊ သူနှင့်အတူ အရေဖျားလှီး မင်္ဂလာကို ခံကြလေ၏။