ကမ္ဘာ​ဦး 18:1-5 BJB

1 ထာဝရဘုရားသည် မံရေသပိတ်တောနားမှာ၊ အာဗြဟံအားထင်ရှားတော်မူသည် အကြောင်းအရာဟူမူကား၊ နေပူသောအချိန်တွင် အာဗြဟံသည် တဲတံခါးဝ၌ ထိုင်လျက်၊

2 မြော်ကြည့်၍၊ မိမိရှေ့မှာ လူသုံးယောက်ရပ်နေကြသည်ကို မြင်သောအခါ၊ ခရီးဦးကြိုပြုခြင်းငှါ တဲတံခါးဝမှပြေး၍ မြေသို့ဦးညွတ်ချလျက်၊

3 အကျွန်ုပ်သခင်၊ ရှေ့တော်၌အကျွန်ုပ်သည် မျက်နှာရလျှင် ကိုယ်တော်ကျွန်မှ လွန်၍မသွားပါနှင့်။

4 ရေအနည်းငယ်ကို ယူခဲ့ပါရစေ။ ခြေကိုဆေးပြီးလျှင် သစ်ပင်အောက်၌ လျောင်းနေကြပါလော့။

5 မုန့်အနည်းငယ်ကိုလည်းယူခဲ့ပါမည်။ အမောအပန်းပြေသောအခါ သွားကြပါလော့။ ထိုသို့သော ကျေးဇူးတော်ကိုခံစေခြင်းငှါ၊ ကိုယ်တော်ကျွန်ရှိရာသို့ ရောက်ပါပြီဟုဆို၏။ ထိုသူတို့ကလည်း၊ ပြောသည်အတိုင်းပြုပါလော့ဟု ဆိုကြ၏။